မူဆယ်-တရုတ်နယ်စပ် မန့်ဝိန်းနယ်စပ်ဝင်/ထွက်ဂိတ်ပြန်လည်ဖွင့်လှစ်

0
221

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ မူဆယ်-တ ရုတ်နယ်စပ် မန့်ဝိန်းနယ်စပ်ဝင်/ထွက်ဂိတ်အား ဇန်နဝါရီ ၁၃ ရက်နံနက် ၈ နာရီမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်လာနိုင်၍ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများအား ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်စေရန် မန့်ဝိန်းနယ်စပ်ဝင်/ထွက်ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုး၊ (၁၀၅)မိုင်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုး၊ မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည် နယ်ခွဲအဆင့် ကုန်သွယ်ရေးဌာန တာဝန်ခံမစ္စတာလီထွင်းထောင်၊ရွှေလီမြို့အကောက်ခွန်တာဝန်ခံအရာရှိ မစ္စတာဟို့ယုန့်၊ရွှေလီမြို့ပြည်ပဆက်ဆံရေးဌာနမှူး မစ္စတာလီယန့်နှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ဖွင့်လှစ်ပေးခဲ့ကြခြင်းဖြစ်သည်။

ပြန်လည်ဖွင့်လှစ်ခဲ့သည့် မန့်ဝိန်းနယ်စပ်ဝင်/ထွက်ဂိတ် လယ်ယာထွက်ကုန်များ၊သစ်သီးဝလံများ၊ ရေထွက်ကုန်ပစ္စည်းများနှင့်သတ္တုတွင်းထွက်များမှအပ ကျန်ပို့ကုန်ပစ္စည်းများကို တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန့်ဝိန်းနယ်စပ်ဝင်/ထွက်ဂိတ်မှတဆင့် ကြံတင်ပို့သည့် ၆ ဘီးကုန်တင်ကားများအား အာဆီယံစံချိန်စံညွှန်းနှင့်အညီ ကားနှင့်ကုန်(စုစုပေါင်း ၁၆ တန်)အထိသာတင်ပို့ခွင့်ပြုမည်ဖြစ်ပြီး ပို့ကုန်နှင့်အတူ ကားမောင်းသူ ၁ ဦးအ တရုတ်နိုင်ငံမှ သတ်မှတ်ထားသော ကိုဗစ်(၁၉)ရောဂါကင်းရှင်းကြောင်း (၄၈)နာရီအတွင်း စစ်ဆေးချက်အထောက်အထားဖြင့်သာဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်သည်။

ထို့အတူ သွင်းကုန်အဖြစ် လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးနှင့်ဆေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများသာတင်သွင်းရမည်ဖြစ်ပြီး ကားမောင်းသူ ၁ ဦးသာ မြန်မာနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဝင်/ထွက်ဂိတ်များမှတဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်နှင့်အညီစစ်ဆေး၍ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ထို့ပြင် မန့်ဝိန်းနယ်စပ်ဝင်/ထွက်ဂိတ်မှ တင်ပို့/တင်သွင်းမည့် ကုန်တင်ကားများသည် အ ကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးမှုခံယူပြီးမှသာ ဝင်/ထွက်ခွင့်ပြုမည်ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နံနက် ၇ နာရီမှစတင်၍ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားဆဲဖြစ်သည့် နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ်များကိုလည်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ရှိကြောင်း သိရသည်။

“မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေက ၂၀၂၁ ခုနှစ် မတ်လကုန်လောက်ထဲက ပိတ်ထားတာ အခု မန့်ဝိန်းဂိတ်ပြန်ဖွင့်ပြီဆိုတော့ တခြားဂိတ်တွေမဖွင့်သေးပေမယ့် ပိတ်ထားတာထက်စာရင်တော့ ကုန်စည်စီးဆင်းမှုအတွက် ကောင်းသွားတာပေါ ကျန်တဲ့ဂိတ်တွေပါအမြန်ဆုံးဆက်ဖွင့်ဖို့မျှော်လင်တယ်”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here