ဂျော်ဂျီယာနှင့်အလာဘားမားပြည်နယ်များ၌ မုန်တိုင်းဝင်ရောက်တိုက်ခတ်သဖြင့် အနည်းဆုံးကိုးဦးသေဆုံးခဲ့

0
148

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာနှင့် အလာဘားမားပြည်နယ်များ၌ မုန်တိုင်းနှင့်လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် အနည်းဆုံးလူကိုးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး အဆိုးရွားဆုံးထိခိုက်ခဲ့သည့် အလာဘားမားအလယ်ပိုင်းတွင် လူသေဆုံးမှုတိုးလာနိုင်သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မုန်တိုင်းကြောင့် အမေရိကန်အရှေ့တောင်ဒေသတစ်ဝန်းရှိ သောင်းနှင့်ချီသော နေအိမ်များမှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး လမ်းများလည်း အပျက်အစီးများခဲ့ကြောင်းသိရသည်။

အဆိုပါမုန်တိုင်းနှင့်လေဆင်နှာမောင်းကြောင့် အလာဘားမားပြည်နယ်အလယ်ပိုင်း၌ လူခုနစ်ဦးသေဆုံးခဲ့ပြီး ဂျော်ဂျီယာပြည်နယ်၌ ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အခြားတစ်ဦးတို့သေဆုံးခဲ့ကြောင်းသိရသည်။

Source :WION


LEAVE A REPLY

Please enter your comment!
Please enter your name here