တရုတ်နိုင်ငံ၏ အကြီးမားဆုံး နေစွမ်းအင်စက်ရုံလည်ပတ်လျှက်ရှိ

0
266

တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်ကာ လည်ပတ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်ရှိ ဂိုဘီသဲကန္တာရအတွင်းတွင်တည်ရှိသည်။

ယင်းစက်ရုံမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် သန်းပေါင်း ၃၉၀ ကိုထုတ်လုပ်ပေးလျှက်ရှိပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို နှစ်စဉ် တန်ချိန် ၃သိန်းခွဲမျှ လျှော့ချပေးသည်။

ယင်း စက်ရုံတွင် မှန်ချပ် ၁၂၀၀၀ ကိုအသုံးပြု၍ နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here