စီးပွားရေးအကျပ်အတည်းကြောင့် သီရိလင်္ကာ၌ စစ်တပ်အင်အားကို အများအပြားလျှော့ချမည်ဟုဆို

0
161

ကိုလံဘို၊ဇန်နဝါရီ ၁၄

ပြင်းထန်သည့် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရသော သီရိလင်္ကာနိုင်ငံသည် ၎င်း၏ဘဏ္ဍာရေးအခြေအနေကို ပြန်လည်ပြင်ဆင်ရန် ဆက်လက်လုပ်ဆောင်နေသဖြင့် စစ်တပ်အင်အားကို အကြီးအကျယ်လျှော့ချရန် စီစဉ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။

စီးပွားရေးအကျပ်အတည်း ကျရောက်ခဲ့သည့် သီရိလင်္ကာ၌ အစားအသောက်၊ဆေးဝါးနှင့်လောင်စာပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး ၂၂ သန်းသော ပြည်သူများဒုက္ခရောက်ခဲ့ကြသည်။

ယခုတစ်ခါတွင်မူ သီရိလင်္ကာ၏တပ်ဖွဲ့များအား အင်အားလျှော့ချမည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။မူလကတပ်ဖွဲ့အင်အား ၂၀၀,၀၀၀ ကျော်ရှိရာမှ ယခုအခါ ၆၅,၀၀၀ ကျော်ကိုတာဝန်မှရပ်ဆိုင်းမည်ဖြစ်ကြောင်းသိရှိရသည်။

ပြီးခဲ့သည့်နှစ်က ကာကွယ်ရေး အသုံးစရိတ်သည် ပြည်သူ့အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းနီးပါးရှိပြီး အစိုးရငွေ၏တစ်ဝက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လစာပေးဆောင်ရာတွင် အသုံးပြုသည်ဟု ကျွမ်းကျင်သူများကဆိုကြသဖြင့် အင်အားလျှော့ချရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

သီရိလင်္ကာသည် ၂၀၂၃ ခုနှစ်၌ အခွန်ကို အဆမတန် တိုးကောက်လျှင်ပင် ပြည်သူ့ဝန်ထမ်းများ၏ ပင်စင်နှင့်လစာများကို ရှင်းပေးရန် လုံလောက်သောငွေမရှိဟုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here