ကန့်ဘလူမြို့နယ်တွင် ကလေးငယ် ၃ ဦးအပါအဝင် အိပ်ပျော်နေသည့် မိသားစုဝင် ၈ ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

0
311

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ငါးမြှောင်ကျေးရွာတွင် ဇန်နဝါရီ ၁၄ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက်အစောပိုင်းက အမည်မသိလက်နက်ကိုင်များမှ ကန့်ဘလူမြို့နယ်၊ငါးမြှောင်ကျေးရွာနေ မိသားစုဝင်တစ်စုအား ၎င်းတို့အိပ်ပျော်နေစဥ် သေနတ်များဖြင့်ပစ်သတ်ခဲ့၍ မိသားစုလိုက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဥ်ကမှန်ပါတယ် ကျွန်တော်တို့ကတခြားလူနာလမ်းကြောင်းတစ်ခုလိုက်ပို့နေရတဲ့အတွက် သွားပြီးမသယ်ပေးဖြစ်ဘူး မိတ်ဖက်အသင်းတွေသွားသယ်ပေးခဲ့ပါတယ် ရုပ်အလောင်းတွေကို ကန့်ဘလူမြို့နယ်ပြည်သူ့ဆေးရုံပို့ထားတယ်လို့ သိရပါတယ်”ဟု ကန့်ဘလူမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် အသက်(၆) နှစ်၊(၁၃)နှစ်နှင့်(၁၅)နှစ်အရွယ်ရှိ ကလေးငယ် ၃ ဦး၊သက်ကြီးရွယ်အို အဘိုး/အဘွား ၂ ဦးအပါအဝင် အမျိုးသား၊အမျိုးသမီး ၈ ဦးတို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေအိမ်နှင့်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here