အိုအိုင်စီက အမျိုးသမီးများအခွင့်အရေးဆွေးနွေးရန် အာဖဂန်သို့ကိုယ်စားလှယ်စေလွှတ်မည်

0
109

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) သည် တာလီဘန်အစိုးရလက်အောက်ရှိ အမျိုးသမီးများ၏ ပညာရေးနှင့်အလုပ်အကိုင် အခွင့်အရေးများကိုဆွေးနွေးရန် အာဖဂန်နစ္စတန်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် စီစဉ်နေကြောင်း ခါမား သတင်းဌာနမှသိရှိရသည်။

၂၀၂၁ ခုနှစ်တွင် အာဏာရရှိပြီးနောက် တာလီဘန်တို့က ၎င်းတို့၏အစိုးရသည် ယခင်အစိုးရကဲ့သို့ ရှေးရိုးစွဲနေမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် နောက်ပိုင်းတွင် တာလီဘန်တို့၏ တင်းကြပ်သောအုပ်ချုပ်မှုပုံစံသို့ တဖြည်းဖြည်းပြန်လှည့်လာပြီး အာဖဂန်လူ့အသိုင်းအဝိုင်း၌ အမျိုးသမီးများပါဝင်ပတ်သက်မှုကို ကန့်သတ်ရန်ကြိုးပမ်းလာကြသည်။

အမျိုးသမီးများအား ကျောင်းများနှင့်တက္ကသိုလ်များကို တက်ရောက်ခွင့် ပိတ်ပင်ထားပြီးမကြာမီပင်တာလီဘန်တို့က ၎င်းတို့အား ပြည်တွင်းပြည်ပအင်န်ဂျီအိုများတွင် အလုပ်လုပ်ကိုင်ခွင့်ကိုပါ ပိတ်ပင်ခဲ့ပြန်သည်။

ထိုသို့ပိတ်ပင်ခဲ့မှုများကြောင့် အမေရိက၊အင်္ဂလန်၊ဥရောပ၊ဂျာမဏီ၊ကုလသမဂ္ဂနှင့်အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အပါအဝင် အခြားနိုင်ငံတကာအသိုင်းအဝိုင်းများက တာလီဘန်များအား ဝိုင်းဝန်းရှုံ့ချခဲ့ကြပြီး အမျိုးသမီးများအား ပုံမှန်အတိုင်း ပြန်လည်ပညာသင်ကြား၊အလုပ်လုပ်ကိုင်ခွင့်ပေးရန်တိုက်တွန်းခဲ့ကြသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here