ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှု လောက်ကိုင်-ချင်းရွှေဟော်လမ်းမပေါ်တွင်ဖြစ်ပွား

0
200

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၊ တွင် ယနေ့ (ဇန်နဝါရီ ၁၄ ရက်) နေ့လည်ပိုင်းက ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

လောက်ကိုင်မြို့၊လုံထန်ကျေးရွာအနီး၊ လောက်ကိုင်-ချင်းရွှေဟော်လမ်းမပေါ်တွင် ယနေ့ နေ့လည် ၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် NISSAN (၁၂)ဘီးယာဉ်သည် ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကားက ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျမှောက်တာပါ၊ ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး ‌ဒဏ်ရာရပါတယ်၊ မစိုးရိမ်ရပါဘူး ” ဟု လူမူကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ဖြစ်စဉ်ကြောင့် လောက်ကိုင်ခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရခဲ့သည့် ယာဉ်ပေါ်ပါ ကျား(၂)ဦး (မစိုးရိမ်ရ) အား သန္တိသုခလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် ချင်းရွှေဟော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here