ဧရာ၀တီမြစ်အတွင်း ဆင်းသွားပြီး ရေနစ်သေဆုံးသူအလောင်းအား တစ်ရက်အကြာတွင် ‌ရှာတွေ့

0
236

ပဲခူးတိုင်း၊ ပြည်မြို့ – ကမ်းနားလမ်း၊ ဧရာဝတီမြစ်အတွင်း ဆင်းသွားပြီး ရေနစ်သေဆုံးသူအလောင်းအား တစ်ရက်အကြာတွင် ‌ရှာတွေ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ပြည်မြို့ ၊ ကျောင်းကြီးအိုးတန်းရပ် – ကမ်းနားလမ်းစျေးကြီးအနီး ကျောက်ဆောင်တွင် ပြည်မြို့ ၊ ရွာဘဲနယ်မြေ ( စည်တော်မဂ်လာရပ်)တွင် နေထိုင်သူအသက်(၂၆)နှစ်အရွယ်ရှိသော အမျိုးသား (1)ဦးသည် ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) ည နာရီအချိန်ခန့်တွင် မြစ်နံရံဘေး ကျောက်ဆောင်တွင်ထိုင်နေရင်း မြစ်ထဲဆင်းသွားရာမှရေနစ်ပျောက်ဆုံးသွားကြောင်း မိသားစုမှ သတင်းပေးအကြောင်းကြားလာသည့်အတွက် ပြည်မြို့ပေါ်ရှိ လူမှုကူညီရေး ပရဟိတအသင်းများနှင့် လူမှုကယ်ဆယ်ရေး အသင်းများမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ရသည်။

ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား ယနေ့ (ဇန်နဝါရီ ၁၄ ရက်) ညနေ ၅နာရီခန့်တွင် ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း (ပြည်)မှရှာဖွေတွေ့ရှိခဲ့ပြီး ပြည်ဆေးရုံကြီး ရင်ခွဲရုံသို့ ဆေးရေးလူငယ်များအသင်းမှ Dead Body နိဗ္ဗာန်ယာဥ်ဖြင့်ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

‌ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီ


LEAVE A REPLY

Please enter your comment!
Please enter your name here