မူဆယ် – ကျယ်ခေါင် နယ်စပ် ဆင်ဖြူနှင့် နန်းတော်ဂိတ်များပါ ဖွင့်လှစ်နိုင်ရန် စီစဉ်နေဟုဆို

0
250

တရုတ် – မြန်မာနယ်စပ်ရှိ မူဆယ် – ကျယ်ခေါင် နယ်စပ်ဂိတ်များ ဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကို ပြန် လည် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံမှ သိရသည်။

(၃) နှစ်ကြာ ပိတ်ထားသည့် မူဆယ် – ကျယ်ခေါင် နယ်စပ် မန့်ဝိန်းဂိတ်ကို  ဇန်နဝါရီ (၁၄) ရက် နံနက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ကျန်နှစ်ဂိတ်ကိုလည်း မကြာမီ ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

” ဖွင့်ဖို့တော့ ရှိပါတယ်။ လူအဝင်အထွက်ကိုပဲ နည်းနည်း ကြည့်မှာပေါ့နော်။ ဖွင့်ဖို့တော့ စီစဉ်နေပါတယ်” ဟု မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

ယမန်‌နေ့နက်ပိုင်းက ဖွင့်လှစ်ပေးလိုက်သည့် မန့်ဝိန်းဂိတ်မှ လူအဝင်အထွက် ပြုလုပ်ခွင့်မရှိဘဲ (၆) ဘီးယာဉ် ကုန်တင်ယာဉ်များသာ ဝင်ထွက်ခွင့်ပြုထားပြီး ယာဉ်တစ်စီးလျင် ယာဉ်မောင်းတစ်ဦးသာ လိုက်ပါခွင့် ပြုထားကြောင်း သိရသည်။

မူဆယ် – ကျယ်ခေါင် နယ်စပ်ရှိ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို ပြီးခဲ့သည့် ဇန်နဝါရီ (၈) ရက်က တပြိုင်နက်ဖွင့်ရန် တရုတ်အစိုးရက ကြေညာခဲ့သော်လ ည်း မြန်မာဖက်အခြမ်းက 

ကိုဗစ်အကြောင်းပြချက်ဖြင့် ဆက်လက်ပြီး ပိတ်ထားခဲ့ခြင်းလည်း ဖြစ်သည်။

ယနေ့ ဖွင့်လှစ်ပေးလိုက်သည့် မန့်ဝိန်းဂိတ်မှ တရုတ်နိုင်ငံဖက်အခြမ်းသို့ ဆန် စပါး၊ ဖရဲသခွား၊ ပြောင်း၊ ပဲ ၊နှမ်း၊ လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ ၊ သတ္ထုတွင်းတွက် ပစ္စည်းများမှအပ ကျန်ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ၊ ဆေးဝါးပစ္စ ည်းများနှင့် စက်မှုပစ္စည်းများ တင်သွင်းခွင့် ပြုထားကြော င်း သိရသည်။

နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည့် အတည်မပြုနိုင်သေးသည့် သတင်းများအရ ဆင်ဖြူနှင့် နန်းတော်ဂိတ်များကို ဇန်နဝါရီလ တတိယပတ်အတွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here