ပျံလွန်တော်မူပြီးနောက် မပုတ်မသိုးဘဲရှိနေသည့် ဝင်းစိန်တောရဆရာတော်ကြီး၏ သက်တော် (၁၀၂)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကျင်းပ

0
489

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊မြိုင်ကုန်းကျေးရွာရှိ ဝင်းစိန်တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဝင်းစိန်းတောရဆရာတော်ကြီး၏ သက်တော်(၁၀၂)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအား ဇန်နဝါရီ ၁၅ ရက်(ယနေ့)တွင်ကျင်းပသည်။

ဝိဇာတမွေးနေ့မင်္ဂလာနှင့်အတူ ဆရာတော်ကြီး၏ ရုပ်ကလာဘ်တော်အား သင်္ကန်းတော်လဲလှယ်ကပ်လှူပူဇော်ကာ မွေးနေ့စေတီတော်ကို ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေက အနေက ဇာတင်ခြင်းများလည်း ပြုလုပ်မည်ဖြစ်သည်။

ထို့ပြင် ဘုန်းတော်ကြီးကျောင်း ၁၁၄ ကျောင်းမှ ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ခြင်း၊ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ၃၄ ပါးအားပုဂ္ဂိုလ်ဆွမ်းကပ်ခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ဝင်းစိန်ဆရာတော်ကြီး၏ သက်တော်(၁၀၂)နှစ်ပြည့် မွေးနေ့ကုသိုလ်အဖြစ် အခမဲ့နိဗ္ဗာန်စျေးစတုဒိ သာဆိုင် ၂၄ ဆိုင်မှလည်း စတုဒိသာများကျွေး မွေးလှူဒါန်းသွားမည်ဖြစ်သည်။

ဝင်းစိန်တောရဆရာတော်ကြီးသည် ပျံလွန်တော်မူပြီးဖြစ်သော်လည်း ရုပ်ကလာဘ်တော်မှာ မပုတ်မသိုးဘဲတည်ရှိနေသဖြင့် ဝင်းစိန်တောရကျောင်းတိုက်အတွင်း၌ စံကျောင်းတော်ဖြင့် ပူဇော်ထားရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here