ဖုန်းအားသွင်းရာမှအပူလွန်ကဲပြီးအိမ်မီးလောင်မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

0
281

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၁၅ ရက်(ယနေ့)နံနက်အစောပိုင်းက Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီ ၁၀ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းမီးသတ်၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊လုံခြုံရေးအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ၊ရပ်ကွက်နေသူများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြသဖြင့် နံနက် ၄ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

” ၂ ထပ်အိမ်မီးလောင်တာပါ ဖုန်းအားသွင်းထားပြီး ပြန်မဖြုတ်မိတော့ အပူလွန်ပြီးလောင်သွားတာ မီးလောင်တဲ့အိမ်က ဌားထားတဲ့အိမ်ပါ အခုဖြစ်တာကလည်း အိမ်ဌားနေတဲ့လူက ဖုန်းအားသွင်းထားရင်းဖြစ်တာပါ ဘေးအိမ်တွေကိုကူးစက်မှုမရှိပါဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် ၂ ထပ်နေအိမ်ပျက်စီးသွားခဲ့ပြီး ဖြစ်စဥ်မှမီးအားပေါ့ဆစွာအသုံးပြုသူအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Photo-Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here