မြန်မာနိုင်ငံသား ၁၂၄ ဦးထိုင်းနိုင်ငံမှတဆင့် တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာ

0
134

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အမျိုးသား၊အမျိုးသမီး ၁၂၄ ဦးသည် ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်ခဲ့ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၁၂၄ ဦးသည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေစဥ် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးပြစ်ဒဏ်ကျခံခဲ့ရာမှပြန်လည်လွတ်မြောက်လာသူများနှင့်အလုပ်အကိုင်အဆင်မပြေမှုကြောင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

ပြစ်ဒဏ်ကျခံပြီးပြန်လည်လွတ်မြောက်လာသည့် အမျိုးသား ၈၁ ဦး၊အမျိုးသမီး ၁၄ ဦး၊မြန်မာနိုင်ငံပြန်လိုသူ ၂၉ ဦး(စုစုပေါင်း ၁၂၄ ဦး)တို့အား ထိုင်းနိုင်ငံတာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်းအပ်နှံရာ တာချီလိတ်မြို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးမင်းမင်းထွန်းနှင့်တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ထို့ပြင် ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများမှ လိုအပ်သည့် စစ်ဆေးမှုများနှင့်ကိုဗစ်(၁၉)ရောဂါပိုးရှိ/မရှိနှင့်ကူးစက်ရောဂါများရှိ/မရှိတို့အား စစ်ဆေးခဲ့ကြသည်။

ကိုဗစ်(၁၉)ရောဂါပိုးရှိ/မရှိ စစ်ဆေးစဥ် ပြန်လည်ဝင်ရောက်လာသူ ၁၂၄ ဦး၌ ရောဂါပိုးမတွေ့ရှိရကြောင်း စစ်ဆေးသိရှိခဲ့ရပြီး ၎င်းတို့အား ဝမ်လုံးကွာရန်တင်းစင်တာတွင် ၇ ရက်အသွားအလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here