အကျဉ်းသားလဲလှယ်ရေးအစီအစဥ်အသစ်ရုရှားဖျက်သိမ်း

0
193

ကိဗ်၊ဇန်နဝါရီ ၁၅

ဇန်နဝါရီလ ၁၄ ရက်နေ့တွင်ပြုလုပ်မည့် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်သစ်အား မိနစ်ပိုင်းအလို၌ ရုရှားကဖျက်သိမ်းလိုက်ကြောင်း ယူကရိန်းအကျဉ်းသားများကို ကိုင်တွယ်နေရသည့် နီးစပ်သူတစ်ဦးကပြောကြားခဲ့သည်။

“အကျဉ်းသားလဲလှယ်ရေးအစီအစဉ်သစ်ကို ရုရှားနဲ့ညှိနှိုင်း‌ဆွေးနွေးပြီး ဇန်နဝါရီ ၁၄ ရက်မှာပြုလုပ်ဖို့စီစဉ်ထားပါတယ်၊ဒါပေမဲ့အခု ရုရှားဘက်ကနေစပြီးဖျက်သိမ်းလိုက်ပါတယ်” ဟု စစ်သုံ့ပန်းများညှိနှိုင်းရေးဌာနချုပ်မှပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရုရှားဘက်မှတစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။

ရုရှားနှင့်ယူကရိန်းတို့သည် စစ်ပွဲကာလ ၁၁ လအတွင်း နှစ်ဖက်စလုံး၌ အကျဉ်းသားရာချီဖမ်းဆီးရမိထားပြီး အကျဉ်းသားလဲလှယ်မှုများ မကြာခဏပြုလုပ်ခဲ့ကာ နောက်ဆုံးအကြိမ်ကို ဇန်နဝါရီလ ၈ ရက်နေ့ကပြုလုပ်ခဲ့သည်။

Source : Reuters
Photo: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here