ဘုန်းကြီးကျောင်းသို့ ရေလှူရန်ရေကားမောင်း သွားလာသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

0
244

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တောင်ပေါ်ဘုန်တော်ကြီးကျောင်းသို့ ရေလှူရန် လာရောက်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားသည့် ဖြစ်စဉ် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျုံဒိုးမြို့ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်သည် “ထာဝရ” ရေအလှူတော်ယာဉ်အား မောင်းနှင်ကာ အမှတ်(၄) ရပ်ကွက် တော်ပေါ်ကျောင်းသို့ ရေလှူရန် သွားရောက်စဉ် အဆိုပါ ကျောင်းမုဒ်ဦးရှေ့အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ယင်းနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ကျုံဒိုးမြို့၊အမှတ်(၂)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်(၆၄)နှစ်သည် “ထာဝရ”ရေအလှူတော်ကားဖြင့် အမှတ်(၃)ရပ်ကွက် ရေတွင်းမှရေစုတ်ယူ၍ အမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းသို့ ရေလှူဒါန်းရန်မောင်းနှင်လာခဲ့သည်။

ထိုသို့ မောင်းနှင်လာစဥ် ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၁ ဦးက ရေလှူကားနောက်မှမောင်းနှင်လိုက်ပါလာပြီးနောက် တောင်ပေါ်ဘုန်းတော်ကြီးကျောင်းမုခ်ဦးရှေ့အရောက်တွင် ဦးမြင့်အောင်အား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“သူကဘုန်းကြီးကျောင်းကို ရေလှူဖို့လာတဲ့အချိန်ဖြစ်သွားတာ ဦးမြင့်အောင်က “ထာဝရ”ရေအလှူတော်အသင်းထောင်ထားပြီး ရေလိုအပ်တဲ့နေရာတွေကို လိုက်လှူပေးတယ်”ဟု ကျုံဒိုးမြို့ခံတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်အောင်၏ ယာဘက်နားထင်၊ ရင်ဘတ်၊ ဘယ်လက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြစ်မျူးကျူးလွန်သူအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here