၇၁ ကြိမ်မြောက် မယ်စကြဝဠာ ဆုအား အမေရိကန်နိုင်ငံသူ R’bonney Gabriel ဆွတ်ခူးရရှိ

0
139

သုံးနာရီကြာကျင်းပခဲ့သည့် Miss Universe ဖိုင်နယ်ပြိုင်ပွဲအား ဇန်နဝါရီလ ၁၄ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။အဆိုပါပွဲအား ကမ္ဘာတစ်ဝန်းမှ ပြိုင်ပွဲဝင်အမျိုးသမီး ၈၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ဟုဆိုသည်။

မဲများစီစဥ်ရေတွက်ပြီးချိန်၌ ၇၁ ကြိမ်မြောက် Miss Universe ဆုကို Miss USA R’bonney Gabriel က ရရှိသွားခဲ့ခြင်းဖြစ်သည်။

အင်တာဗျူးအစီအစဉ်၊ညနေခင်းဝတ်စုံ၊ရေကူးဝတ်စုံနှင့်လူ့အသိုင်းအဝိုင်းအကျိုးပြုမေးခွန်းများပြီးနောက် R’bonney Gabriel အား အကြိမ် ၇၀ မြောက် Miss Universe ဆုရှင် Harnaaz Sandhu မှ သရဖူလွှဲပြောင်းပေးခဲ့သည်။

၇၁ ကြိမ်မြောက် Miss Universe ဆုရှင်သည် အမေရိက – ဖိလစ်ပိုင်ကပြားအမျိုးသမီးတစ်ဦးဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိ ဖက်ရှင်ဒီဇိုင်နာတစ်ဦးလည်းဖြစ်သည်။

Source – Parade


LEAVE A REPLY

Please enter your comment!
Please enter your name here