ကျောက်တံခါးမြို့အဝင်ဆိုင်းဘုတ်အနီး၌ ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် ၃ ဦးသေဆုံး

0
317

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်ရှိ ကျောက်တံခါးမြို့အဝင်ဆိုင်းဘုတ်အနီး၌ ဇန်နဝါရီ ၁၅ ရက် (ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီခွဲခန့်က ကျောက်တံခါးမြို့အဝင်ဆိုင်းဘုတ်အနီး၌ တောင်ငူမြို့ဘက်မှမောင်းနှင်လာသည့် Honda Fit ကားသည် အခင်း ဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် ကားမောင်းသူအပါအဝင် ၆ ဦးအနက် ၃ ဦးမှာအပြင်သို့လွှင့်စင်ထွက်ကြခဲ့ကြောင်း သိရသည်။

“ကားထဲမှာ ၆ ယောက်ပါတယ် အဲဒီထဲက ၃ ယောက်ကပွဲချင်းပြီးသေဆုံးသွားတယ် အကို့အသင်းက ကလေးတစ်ယောက်ကလမ်းမှာတွေ့လို့အကြောင်းကြားတာနဲ့သက်ဆိုင်ရာနယ်မြေမီးသတ်စခန်းနဲ့ ကယ်ဆယ်ရေးအသင်းတွေကိုအကြောင်းကြားပေးခဲ့တယ် သူတစ်စီးထဲအရှိန် လွန်ပြီးမှောက်တာပါ”ဟု ဘိုဘိုဝင်းလူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌကိုဘိုဘိုဝင်းကပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦးမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ပြီး ကျန်အမျိုးသား ၃ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိထားကြောင်းသိရပြီး နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူ ညီရေးအသင်းများက ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။

“အရှိန်များတယ်နဲ့တူတယ် ကားပေါ်မှာ ၃ ယောက် ကားအောက်ကိုလွင့်ကျသွားတာက ၃ ယောက် Over Weight လို့ပြောရမှာပေါ့ Honda Fit လိုကားမျိုးကို ၆ ယောက်စီးတယ်ဆိုတာက”ဟု ကိုဘိုဘိုဝင်းကပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် Honda Fit ကားမှာ ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here