တရုတ်နိုင်ငံ၌ ဒီဇင်ဘာ ၈ ရက်မှစကာ ကိုဗစ်ကြောင့်သေဆုံးသူ ၅၉,၉၃၈ ဦးရှိဟုဆို

0
269

ပေကျင်း၊ဇန်နဝါရီ ၁၄

တရုတ်နိုင်ငံ၌ ဒီဇင်ဘာလအစောပိုင်းက ကိုဗစ်စည်းမျဉ်းများအား ရုတ်တရက်ပယ်ဖျက်လိုက်ပြီးနောက် ကိုဗစ်ဖြင့်ဆေးရုံ၌သေဆုံးသူလူနာအရေအတွက်သည် ၆၀,၀၀၀ နီးပါးရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါထုတ်ပြန်ကြေငြာချက်သည် နိုင်ငံ၏ကိုဗစ်ထုတ်ပြန်ချက်အပေါ် မမှန်ကန်ဟု နိုင်ငံတကာမှစွပ်စွဲချက်များပေါ်ထွက်လာပြီးနောက် ထုတ်ပြန်ကြေငြာခဲ့သည့် ပထမဆုံးသောများပြားသည့်ပမာဏဖြစ်သည်။

ဒီဇင်ဘာ ၈ ရက်မှ ကြာသပတေးနေ့အတွင်း တရုတ်ဆေးရုံများ၌ ကိုဗစ်နှင့်ဆက်စပ်၍သေဆုံးသူ စုစုပေါင်း ၅၉,၉၃၈ ရှိပြီး သေဆုံးသူများထဲတွင် ပျမ်းမျှအသက် ၈၀ နှစ်နှင့်အထက်ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်လက်အောက်ရှိ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဗျူရိုအကြီးအကဲ Jiao Yahui က မီဒီယာများနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့သည်။ 

အဆိုပါသေဆုံးသူများအနက် ၅,၅၀၃ ဦးသည် ကိုဗစ်ကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပြီးသေဆုံးခြင်းဖြစ်ကာ အခြား ၅၄,၄၃၅ ဦးမှာကိုဗစ်နှင့်အခြားရောဂါများ ပေါင်းစပ်မှုကြောင့်ဖြစ်ကြောင်း သူကပြောကြားခဲ့သည်။

သေဆုံးသူများအနက် ၉၀ ဒသမ ၁ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများဖြစ်ကြောင်းဖော်ပြထားသည်။

နိုင်ငံတကာကျန်းမာရေးပညာရှင်များက ယခုနှစ်အတွင်း ကိုဗစ်နှင့်သေဆုံးသူ အနည်းဆုံး ၁ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း တရုတ်နိုင်ငံကမူ အစပိုင်းတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍သေဆုံးမှု ၅,၀၀၀ ‌ကျော်သာရှိခဲ့သည်ဟုပြောကြားခဲ့ပြီး ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်းအနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံ အဖြစ်ရပ်တည်ခဲ့ခြင်းဖြစ်သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here