နီပေါ၌လေယာဉ်ပျက်ကျ, လူ ၄၀ သေဆုံး

0
183

ခတ္တမန္ဒူ၊ဇန်နဝါရီ ၁၅

နီပေါနိုင်ငံ ပိုခါရာမြို့တွင် ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးပျက်ကျမှုကြောင့်  ခရီးသည် ၇၂ ဦးလိုက်ပါလာသည့်အနက် ၄၀ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယခုလေယာဉ်ပျက်ကျမှုသည် ငါးနှစ်တာကာလအတွင်း အဆိုးရွားဆုံးဖြစ်သည်ဟုလည်းဆိုသည်။

မြို့တော်ခတ္တမန္ဒူမှ လူပေါင်း ၇၂ ဦးကို တင်ဆောင်လာသော Yeti လေကြောင်းလိုင်းမှလေယာဉ်ပျက်ကျရာ အဆိုပါတောင်ကုန်းကို ရာနှင့်ချီသောကယ်ဆယ်ရေးသမားများက ရှာဖွေနေကြ‌ကြောင်းသိရှိရသည်။

လေယာဉ်ပျက်ကျခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုမရှိဘဲ ကောင်းမွန်နေကြောင်းသိရသည်။ပျက်ကျသည့်အရှိန်ကြောင့် လေယာဉ်မီးလောင်သွားသဖြင့် ပျက်ကျသည့်နေရာသို့ ကယ်ဆယ်ရေးသမားများသွားရန်ခက်ခဲနေသည်ဟုလည်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

လေယာဉ်သည်ပျက်ကျပြီးနောက် တစ်ပိုင်းတောင်ပေါ်၌တင်နေပြီး ကျန်တစ်ပိုင်းမှာ Seti မြစ်၏ချောက်ကမ်းပါးဘက်သို့ကျနေသဖြင့် ကယ်ဆယ်ရေးလုပ်ရန်ခက်နေသည်ဟုလည်းသိရသည်။

Source :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here