ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌဟောင်း သီရိပျံချီ ဦးသုဝေအား ဂုဏ်ပြုပွဲကျင်းပ

0
262

နစက၏ သီရိပျံချီဆု ချီးမြှင့်ခြင်း ခံရသည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သည့် ဦးသုဝေအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဌာနချုပ်တွင် ကွယ်လွန်သူ ပါတီ ဥက္ကဋ္ဌ သီရိပျံချီဦးသုဝေ ဂုဏ်ပြုပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲသို့ ယခင် ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံး ဝန်ကြီးဟောင်း ဦးအောင်မင်း၊ ရခိုင့် ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ တ.စ.ည ပါတီ ဥက္ကဋ္ဌ ဦးဟန်ရွှေတို့ အပါအဝင် အခြား ဝါရင့် နိုင်ငံရေး သမားများ တက်ရောက်လာသည်ကို တွေ့ရသည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးသုဝေကို နစက က ပြီးခဲ့သည့် ပြည်ထောင်စုနေ့တွင် သီရိပျံချီဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆုရရှိခြင်းကို ဂုဏ်ပြုပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဉီးသုဝေသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းတွင် ဂုဏ်အရှိန်အဝါကြီးမားခဲ့သည့်
ဖဆပလအဖွဲ့ကြီး၏ နောက်ဆုံး လက်ကျန်တစ်ဦး ဖြစ်ပြီး ၎င်းသည် ကွန်လွန်ချိန်အထိ နိုင်ငံရေးနှင့် ပါတီစုံ ဒီမိုကရေစီအရေးကို အစဉ်တစိုက် အားထုတ်လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

ဦးသုဝေသည် ၂၀၂၂ ခုနှစ် မေလတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပြီး လက်ရှိတွင် ၎င်းတည်ထောင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here