မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်လာရောက်သူများအား တည်းခိုဆောင်များ၌ညအိပ်တည်းခိုခွင့်ပြုမည်

0
484

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက် တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်န ဝါရီ ၂၅ ရက်မှစတင်၍ ဧပြီလ(မြန်မာနှစ်ဆန်းတစ် ရက်နေ့)အထိကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ ကျင်းပရာ၌ လာရောက်သူများအား တည်း ခိုဆောင်များတွင် ညအိပ်တည်းခိုခွင့်ပြုသွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ မန်းချောင်းသောင်ပြင်တွင် တည်းခိုဆောင်များနှင့်စျေးဆိုင်ခန်းများအား ဆောက်လုပ်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။

ညအိပ်တည်းခိုနိုင်သည့် တည်းခိုဆောင် ၁၀၀၀ ခန့်နှင့်စျေးဆိုင်ခန်း ၅၀၀ ကျော်ဆောက်လုပ်လျက်ရှိပြီး လက်ရှိအချိန်၌ နမ္မဒါ(၁)(၂)အပါအဝင် သောင်ပြင်တစ်လျှောက်တွင် တည်းခိုဆောင် ၄၀၀ နှင့်စျေးဆိုင်ခန်း ၂၀၀ ကျော်ဆောက်လုပ်ပြီးစီးပြီဖြစ်ကာ ဆောက်လုပ်ပြီးစီးသည့် စျေးဆိုင်ခန်းများကိုလည်း စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တည်းခိုဆောင်ဌားရမ်းခများအား တစ်ရင်လျင် အထူးခန်း(VIP)တည်းခိုဆောင်(ရေချိုးခန်း၊အိမ် သာပါ)ရေစပ်အနီးတစ်ခန်းလျင် ၅၀၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်၊ ရိုးရိုးတည်းခိုဆောင် ရေစပ်အနီးတစ်ခန်းလျင် ၃၀၀၀၀ ကျပ်၊ရိုးရိုးတည်းခိုဆောင်(ကုန်းပေါ်)တစ်ခန်းလျင် ၂၀၀၀၀ ကျပ်စီသတ်မှတ်ထားကြောင်း သိရသည်။

တည်းခိုဆောင်ငှားရမ်းခများအ သတ်မှတ်နှုန်း ထားထက်ပိုမိုကောက်ခံပါက ထိရောက်စွာအရေး ယူ ဆောင်ရွက်သွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ အထူးတံတား(ဘေလီသစ်သားတံတား)နေရာ၌ ဘေလီသံပေါင်တံတားသစ် ဆောက်လုပ်ထားပြီးဖြစ်ကာ မင်းဘူး-ရွှေစက်တော်နှင့်တောင်ပေါ်-တောင်အောက်သို့ ခရီးသည်တင်ကားများပြေးဆွဲပေးသွားမည်ဖြစ်၍ ဘုရားဖူးလာရောက်သူများ အ ဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here