ဒေသ၏ ရှိရင်းစွဲအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချစေလိုကာ လိုအပ်သည်များကို နိုင်ငံ တော်မှဖြည့်ဆည်းပေးသွားမည်

0
104

 စစ်ကိုင်းတိုင်း၊ဟုမ္မလင်းခရိုင် သို့​ရောက်ရှိ​နေ​သော နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိ၊မြို့ဖများ၊အသေးစား၊အငယ်စားနှင့်အ လတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းကတွေ့ဆုံခဲ့သည်။

ထို​တွေ့ဆုံပွဲတွင် ဒေသတွင်းလည်ပတ်ရင်းနှီးငွေများစွာရှိခြင်းသည်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်၍ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အားပေးဆောင်ရွက်ရမည်ဟု ဆိုသည်။

အားပေးဆောင်ရွက်ရာမှတဆင့် ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွား ရေးမြင့်တက်လာမည်ဟု ဆိုသည်။

“မိမိတို့ဒေသရဲ့ ရှိရင်းစွဲအရင်းအမြစ်တွေကို အကျိုးရှိရှိအသုံးချစေလိုပါတယ် လိုအပ်တာတွေကိုလည်း နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောခဲ့သည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် သွင်းအားစု၊အရင်းအနှီး၊နည်းပညာနှင့်လူသားအရင်းအမြစ်ကောင်းများ လိုအပ်သည်ဟု ဆိုသည်။

သွင်းအားစုများဖြစ်သည့် မြေဩဇာအခက်အခဲ၊လျှပ်စစ်စွမ်းအားအခက်အခဲများကို နည်းလမ်းအမျိုးမျိုးဖြင့် ကျော်လွှားနိုင်သော်လည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုအား အခြားနိုင်ငံများနည်း တူရင်ဆိုင်နေရ​ကြောင်း​ပြောသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ၁ သန်းကျော် ဆိုင်ကယ် ၆ သန်းကျော်ခန့်ရှိပြီး နေ့စဉ်စက်သုံးဆီ ဂါလံပေါင်းများစွာသုံးစွဲလျက်ရှိ၍ တတ်နိုင်သရွေ့လောင်စာဆီချွေတာသုံးစွဲရန်လည်း နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

“အရင်းအနှီးနဲ့ပတ်သက်ရင် နိုင်ငံတော်ကလိုအပ်တဲ့ ရင်းနှီးမတည်ငွေတွေကို ထုတ်ချေးပေးနေပါတယ်။ ချေးငွေမှာ Developing ချေးငွေနဲ့ Commercial ချေးငွေဆိုတာရှိပါတယ် ။ချေးငွေအမျိုးအစားအလိုက်အတိုးနှုန်းတွေ ကွာခြားသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လူသားအရင်းအမြစ်ကောင်းများရရှိရန် အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ ကျောင်းများ၊ကောလိပ်များ၊တက္ကသိုလ်များကို ဖွင့်လှစ်ပေးပြီးဖြစ်၍ ကျောင်းတက်ရန်၊ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုသည်ဟု ဆိုသည်။

“ပညာရေးကိုအားပေးမှသာ ဒေသနဲ့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးတစ်ယောက်ချင်းကစပြီး ပညာရေးကို အလေးထားအားပေးဆောင်ရွက်ကြစေလိုပါတယ်။”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here