နှစ်ပတ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၀၀၀ ကျော်အား ရက်ချိန်း(တိုကင်)များပေးနိုင်ခဲ့ဟု မြန်မာသံရုံးဆို

0
104

နှစ်ပတ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၃၃၇ ဦးအား ရက်ချိန်း(တိုကင်)များ ထုတ်ပေးနိုင်ခဲ့သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ သိရသည်။

မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ဇန်နဝါရီ ၇ ရက်မှစတင်၍ အပတ်စဥ် စနေနေ့တိုင်းတွင် မြန်မာနိုင်ငံသားများအား ရက်ချိန်း(တိုကင်) ပေးခဲ့ရာ ဇန်နဝါ ရီ ၇ ရက်၌ ၆၁၄၂ ဦး၊ ဇန်နဝါရီ ၁၄ ရက်တွင် ၄၁၉၅ ဦး(စုစုပေါင်း ၁၀၃၃၇ ဦး)တို့အား ရက် ချိန်း(တိုကင်)များပေးနိုင်ခဲ့သည်ဟု သိရသည်။

ဇန်နဝါရီ ၇ ရက်က ရက်ချိန်း(တိုကင်)ပေးရာတွင် လာရောက်ထုတ်ယူသည့် မြန်မာနိုင်ငံသားများ အခက်အခဲများကြုံတွေ့ခဲ့ရသဖြင့် ထပ်မံမကြုံတွေ့စေရန် မြန်မာသံရုံး၊ဗန်ကောက်မြို့မှ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဇန်နဝါရီ ၁၄ ရက်တွင် မြန်မာသံရုံး၊ဗန်ကောက်မြို့မှ တာဝန်ရှိသူများက ကြိုတင်ပြင် ဆင်ခြင်း၊ရက်ချိန်း(တိုကင်)လာရောက်ထုတ်ယူသူများ၏ ပူးပေါင်းကူညီခြင်း၊ထိုင်းနိုင်ငံတာဝန်ရှိသူများကကူညီပေးခြင်းတို့ကြောင့် စနစ်တကျအဆင်ပြေစွာ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လာမည့်စနေနေ့တိုင်း၌ ရက်ချိန်း(တိုကင်)အား ကိုယ်တိုင်လာရောက်သူတိုင်းကို ထုတ်ပေးသွားမည်ဖြစ်၍ ပူးပေါင်းပါဝင်ပေးကြပါရန် မြန်မာသံရုံး၊ဗန်ကောက်မြို့က မေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here