ရန်ကင်း ကျောက်ကုန်းမီးပွိုင့်အနီးတွင် ကား ၃ စီးဆင့်တိုက် ၁ ဦးဒဏ်ရာရ

0
111

ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်၊မိုးကောင်းလမ်းနှင့်အောင်ဇေယျလမ်းထောင့်ရှိ ကျောက်ကုန်းမီးပွိုင့်အနီးတွင် ဇန်နဝါရီ ၁၅ ရက်ညပိုင်းက ကား ၃ စီးဆင့်တိုက်ခဲ့ကြောင်း မိုးစေတနာပရဟိတအသင်း -ရန်ကုန်မှ သိရသည်။

ယင်းနေ့ည ၁၁ နာရီ ၁၀ မိနစ်ခန့်က ရန်ကင်းမြို့ နယ်၊မိုးကောင်းလမ်းနှင့်အောင်ဇေယျလမ်းထောင့်ရှိ ကျောက်ကုန်းမီးပွိုင့်အနီးတွင် ​Hijet ကား၊ Alphard ကားနှင့် Taxi ကားတို့တိုက်မိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

” Hijet ကားကဝင်တိုက်မိတာပါ ကားတွေပျက်စီးတာရှိတယ် ဒဏ်ရာရတာကတော့ Hijet ကားကအမျိုးသားတစ်ယောက်ပဲရှိပါတယ်”ဟု မိုးစေတ နာပရဟိတအသင်း ဥက္ကဋ္ဌကပြောသည်။

ဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၁ ဦးအား မြေပြင်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ပြီးနောက် မြောက်ဥက္ကလာပဆေးရုံကြီးသို့ မိုးစေတ နာပရဟိတအသင်း-ရန်ကုန်မှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here