(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုအား အဖွဲ့အသီးသီးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်

0
213

ကယားပြည်နယ်၊လွိုင်ကော်မြို့၊ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အ ထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲအခမ်းအနားအား ဇန်နဝါ ရီ ၁၅ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပနေစဥ် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်၌ KNPP နှင့် PDF အဖွဲ့ဝင်များက လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် ပြည်နယ်ခန်းမအနီးနှင့်လူနေရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ဖြစ်စဥ်တွင် ပြည်သူ ၁ ဦးသေဆုံးကာ လုံခြုံရေးအဖွဲ့ဝင်အချို့နှင့်ကျောင်းသား/ကျောင်းသူ ၆ ဦး၊အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်၍ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ အသင်းအဖွဲ့အသီးသီးက ဖြစ်စဥ်အား လက်မခံနိုင်ကြောင်းနှင့်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗ ဟို)၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊မြန်မာနိုင်ငံစာရေးဆရာအသင်း၊မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့်မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့က သဘောထားများအသီးသီးထုတ်ပြန်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here