မိုဘိုင်းဖုန်းများအတွက် ကြိုးမဲ့အားသွင်းစနစ် ထည့်သွင်းပေးထားသည့် Chery ၏ TIGGO 7 PRO

0
259

Chery အမှတ်တံဆိပ်၏ TIGGO 7 PRO ကားသည် မြို့ပြနေ အထက်တန်းလွှာ လူငယ်များအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော SUV ကားတစ်စီးဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံအသစ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ရောင်းအားကောင်းလျက်ရှိသည်။

TIGGO 7 PRO ၏ အားသာချက်များထဲမှ တစ်ခုမှာ ကြိုးမဲ့အားသွင်းစနစ် ပါဝင်သော မိုဘိုင်းဖုန်းများအတွက်ပါ အဆင်ပြေ ချောမွေစွာ အားသွင်းနိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ကား၏ ဒက်ရှ်ဘုတ်တွင် ခေတ်နှင့်အညီ ကား၏ စနစ်အားလုံးကို ထိန်းချုပ်နိုင်သော မျက်နှာပြင်တစ်ခု ပါဝင်သည့်အပြင် ထိုမျက်နှာပြင်အောက်တွင် မိုဘိုင်းဖုန်းများအတွက် ကြိုးမဲ့အားသွင်း ကိရိယာကိုပါ ထည့်သွင်းပေးထားသည်။

TIGGO 7 PRO သည် အခြားမော်ဒယ်များနှင့် မတူညီဘဲ ဈေးကွက်အတွင်းရှိ ကြိုးမဲ့အားသွင်းစနစ် ပါဝင်သော မိုဘိုင်းဖုန်းအများစု၏ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်အောင် ထုတ်လုပ်ထားသည့် ဇိမ်ခံကားအမျိုးအစားဖြစ်သည်။

ထို့ပြင် TIGGO 7 PRO တွင် မိုဘိုင်းဖုန်း မေ့မကျန်စေရန် သတိပေးသည့် အထူးသီးသန့် လုပ်ဆောင်ချက်ပါရှိပြီး ကားမောင်းသူများ ကားပေါ်မှ ဆင်းသည့်အခါ ဖုန်းမေ့ကျန်ခဲ့လေ့ရှိသည့် အကျင့်ကို ထိထိရောက်ရောက် တားဆီးပေးမည်ဖြစ်သည်။

နည်းပညာဆိုင်ရာ ဖွဲ့စည်းပုံများ ကြွယ်ဝစွာ ပါဝင်ခြင်းနှင့် ဝယ်သူများအတွက် အသေးစိတ် ဂရုစိုက် ထုတ်လုပ်ထားသောကြောင့် TIGGO 7 PRO သည် ကမ္ဘာတစ်ဝန်းရှိ ကားမောင်းသူလူငယ်များအတွက် ရွေးချယ်သင့်သည့် အလွန်ကောင်းမွန်သော ကားတစ်စီး ဖြစ်လာပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here