ပြည်မြို့တွင် ဒေသထွက်ကုန်များ ခင်းကျင်းပြသသည့် MSMEs ကုန်စည်ပြပွဲကျင်းပ

0
325

ပဲခူးတိုင်း၊ပြည်မြို့ရှိ ယဉ်ကျေးမှုကဇာတ်ရုံ(ခေတ္တရာပြည်သူ့ခန်းမ)၌ ပဲခူးတိုင်း(အနောက်ခြမ်း) အသေးစား၊အလတ်စားနှင့်အငယ်စား MSMEs ဒေသထုတ်ကုန်စည်ပြပွဲအား ဇန်နဝါရီ ၁၅ ရက်ည ၆ နာရီကဖွင့်လှစ် ကျင်းပခဲ့သည်။

ကုန်စည်ပြပွဲတွင် ပဲခူးတိုင်း(အနောက်ခြမ်း)ရှိ ပြည်၊နတ္တလင်းနှင့်သာယာဝတီခရိုင်တို့မှ အသေးစား၊အလတ်စားနှင့်အငယ်စား(MSMEs)လုပ်ငန်းရှင်များက ပြခန်းများဖွင့်လှစ်ပြသခဲ့ကြသည်။

ဒေသထွက်ကုန်များဖြစ်သည့် မြေပဲဆီ၊သစ်သီးယုံမျိုးစုံ၊ပဲကြော်၊အအေးဘူးမျိုးစုံ၊နံကထိုင်၊မုန့်မျိုးစုံ၊ပြည်ထမင်းသုပ်၊ငှက်သိုက်မုန့်၊ငါးငပိရည်ကြို၊ငပိထောင်း၊မလိုင်၊ယိုမျိုးစုံ၊ရိုးရာအစားအစာများ၊အသုံးအဆောင်ပစ္စည်းများအား ခင်းကျင်းပြသခဲ့ကြသည်။

ထို့ပြင် ငရုတ်သီးမှုန့်၊ရွှေတောင်/အင်းမဒေသထွက်ချည်ထည်အမျိုးမျိုးနှင့်စည်းလုံချည်စသည့် ဒေသထွက်ကုန်အရောင်းဆိုင်များလည်း ခင်းကျင်းပြသရောင်းချကြောင်း သိရသည်။

ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်ဦးနှင့်တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here