မတ္တရာမြို့နယ်တွင် ပန်းရံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးအား ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့

0
210

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊လွန်တောင်းကျေးရွာမှ ပန်းရံလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား ၁ ဦးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနက် ၉ နာရီခန့်က မတ္တရာမြို့နယ်၊သလွန်ဖြူကျေးရွာရှိ ရွာထိပ်ဇရပ်တွင် လွန်းတောင်းကျေးရွာနေ ဇော်မိုးအောင်(၁၉)နှစ်(ပန်းရံလုပ်ငန်းလုပ်ကိုင်သူ)သည် ဓားဒဏ်ရာများ(ထိုးသွင်း/ပြတ်ရှ)ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

၎င်းသည် ဂုတ်ပိုးပြတ်ရှဒဏ်ရာ ၃ ချက်၊လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊နောက်ကျောပြတ်ရှဒဏ်ရာ ၃ ချက်၊ထိုးသွင်းဒဏ်ရာ ၃ ချက်၊ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၂ ချက်၊ဘယ်ဒူးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

“မိသားစုဝင်တွေပြောပုံအရဆိုရင် ကောင်လေးက ဇန်နဝါရီ ၁၄ ရက်ည ၈ နာရီလောက်မှာ အိမ်ကနေရွာထဲကိုထွက်သွားပြီး ပြန်မလာတော့ဘူး စိတ်ပူလို့လိုက်ရှာရင်းနဲ့ အခုလိုသေဆုံးနေတာကိုတွေ့တာလို့ သိထားတယ်”လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်လှစ်ကာ လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here