သီပေါမြို့တွင် ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်၍ အမျိုးသား ၁ ဦးသေဆုံးမှု ယနေ့နံနက်ပိုင်းကဖြစ်ပွား

0
99

ရှမ်းပြည်နယ်၊သီပေါမြို့၊တောင်မြို့ရပ်ကွက်တွင် ဇန်နဝါရီ ၁၆ ရက်(ယနေ့)နံနက်ပိုင်းက ဖယောင်း တိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ ၂ ထပ်နေအိမ်မီး လောင်ကာ အမျိုးသား ၁ ဦးမီးလောင်သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က သီပေါမြို့၊တောင်မြို့ရပ်ကွက်၊နယ်မြေ(၉)၊ပြည်ထောင်စုလမ်းမကြီးဘေးရှိ ၂ ထပ်နေအိမ်တွင် ဖယောင်း တိုင်ဖြင့်ဘုရားမီးပူဇော်ထားရာ ဘုရားစင်သစ် သားကြမ်းခင်းအား မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ နေအိမ်အပေါ်ထပ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား သီပေါမြို့မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်၌ ယင်း နေအိမ်နေ ကိုစိုင်းလိတ်ခမ်း(၃၆)နှစ်မှာ နေအိမ်အိပ်ခန်းအတွင်း၌ မီးလောင်ကျွမ်း၍သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့လူက စိတ်ကျန်းမာရေးချို့တဲ့နေတဲ့လူပါ အိမ်အပေါ်ထပ်တစ်ထပ်လုံးကတော့ အကုန် လုံးမီးလောင်ပျက်စီးသွားပါတယ်ဖယောင်းတိုင်မီးနဲ့ဘုရားမီးပူဇော်ထားရာကနေ ဘုရားစင်သစ် သားကြမ်းခင်းကိုလောင်ပြီး အိမ်ကိုပါဆက်လောင်သွားတာပေါ့”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here