တောင်ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ တက်ရောက်ခွင့်ရရှိထားပြီး အခက်အခဲဖြစ်နေသူများ ပညာသင်ဆုလျောက်ထားနိုင်

0
301

တောင်ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ တက်ရောက်ခွင့်ရရှိထားပြီး အခက်အခဲဖြစ်နေသူများ ပညာသင်ဆုလျောက်ထားနိုင်ကြောင်း ဆိုလ်းမြို့ရှိမြန်မာသံရုံးက ယနေ့ (ဇန်နဝါရီ ၁၆ ရက်) တွင် အသိပေးလာသည်။

ကျောင်းလခနှင့် နေထိုင်ရန်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူ (၂) ဦးအတွက် Scholarship Student for 1st Semester 2023 ပညာသင်ဆုကို စိစစ်ရွေးချယ်‌ပေးမည်ဖြစ်သည့်အတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများအနေဖြင့် လျောက်ထားနိုင်မည်ဟု ဆိုသည်။

အဆိုပါပညာသင်ဆုကို ယခင်နှစ်များက လက်ခံရရှိပြီးသူ ကျောင်းသား/ကျောင်းသူများ ထပ်မံလျောက်ထားခြင်းမပြုရန်နှင့် လျောက်ထားလိုသူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထား ပြည့်စုံစွာဖြည့်စွက်ပြီး ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီထပ် နောက်ဆုံးထား၍ မြန်မာသံရုံး ဆိုလ်းမြို့၏ Hannam-daero 28-gil12, Seoul, 04418 သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ စာတိုက်မှတဆင့် သတ်မှတ်အချိန်မှီပေးပို့ရန်သော် လည်းကောင်း၊ သံရုံး email ဖြစ်သည့် [email protected] သို့ ပေးပို့လျောက်ထားရမည်ဟု သိရသည်။

မြန်မာသံရုံး ဆိုလ်းမှ လက်ခံရရှိသောလျောက်လွှာများကို Woojung Education and Culture Foundation ရုံးခန်းသို့ ဇန်နဝါရီ (၃၀) ရက် တွင်နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည့်အတွက် လျောက်လွှာများကို သံရုံးသို့ ဇန်နဝါရီ (၂၅) ရက် အမှီပို့ရန်နှင့် သတ်မှတ်ရက်ထပ်ကျော်လွန်ပြီး ရောက်လာသည့် လျောက်လွှာများအား လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်းမြန်မာသံရုံးက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here