မော်တင်စွန်းဘုရားပွဲ (၁၅) ရက်ကြာကျင်းပသွားမည်

0
486

ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်သည့် မြတ်မော်တင်စွန်းဘုရားပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၉ရက်မှ မတ်လ ၅ ရက်နေ့အထိ ၁၅ ရက်ကြာကျင်းပပြုလုပ်သွားရန်ရှိကြောင်း ငပုတောမြို့နယ် ဒေသခံပြညသူတစ်ဦး က ပြောသည်။

အဆိုပါ ဘုရားပွဲကျင်းပမည်ရက်သည် ဖေဖော်ဝါရီ ၁၉ရက်(တပေါင်းလဆန်း ၁ရက် )ဖြစ်ပြီး၊ မတ်လ ၅ရက်(တပေါင်း လပြည့်နေ့)အထိ ကျင်းပမည်ဖြစ်ကြောင်း ဆိုသည်။

” အခုလက်ရှိတော့ ဘုရားရင်ပြင်တော်ပြင်ဆင်တာတွေလုပ်နေတယ်။ ဒေသခံတွေအဖို့ကတော့ ထွေထွေထူးထူးမရှိပါဘူး။ ဘုရားပွဲကနှစ်စဉ်ကျင်းပနေတာဘဲလေ။ ဒီလကုန်လောက်ဆို ပွဲတော်ဖြစ်မြောက်ရေးကော်မတီကတော့ ဘယ်လိုအစီအစဉ်တွေနဲ့လုပ်မလဲဆိုတာ ထုတ်ပြန်လာပါလိမ့်မယ်”ဟု ၎င်း က ဆိုသည်။

လက်ရှိတွင် မော်တင်စွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်းများကို ပွဲတော် ရက်မတိုင်ခင် ပြီးစီးရန် ပြုလုပ်နေပြီး မဟာမြိုင်တောရ ဆရာတော်ကြီးမှ ဦးဆောင်၍ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်တင်စွန်းဘုရားသည် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းအနီး ပင်လယ်ကမ်းစပ်ရှိ မော်တင်အငူတွင်တည်ရှိသည့် ဆံတော်ရှင် စေတီတော်မြတ်တစ်ဆူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here