Colombo Plan Staff College မှ‌ ခေတ်မှီမော်တော်ယာဉ်များနှင့်ပတ်သတ်သည့်စနစ်များကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးသွားမည်

0
103

ဖိလစ်ပိုင်နိုင်ငံရှိ Colombo Plan Staff College (CPSC) က Labtech International Ltd., နှင့် ပူးပေါင်း၍ ဇန်နဝါရီ ၁၆ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၆ ရက်နံနက် ၁၁ နာရီခွဲက Videoconferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်း၌ ခေတ်မှီမော်တော်ယာဉ်များ၏ အင်ဂျင်အခြေခံစနစ်၊ လျှပ်စစ်နှင့်အီလက်ထရောနစ်စနစ်၊ ဘရိတ်စနစ်၊ ဘီးနှင့်ယာဉ်ထိန်းကျောင်း မောင်းနှင်သည့်စနစ်၊ စတီယာရင်နှင့်ယာဉ်အောက်ပိုင်းစနစ်များကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းသို့ မြန်မာနိုင်ငံ၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ သင်ကြားရေးနယ်ပယ်၌ တာဝန်ထမ်းဆောင်နေသူ ၂၅ ဦးတက်ရောက်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ CPSC ညွှန်ကြားရေးမှူးချုပ် Professor G.L.D. Wickramasinghe၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်သူ၊ Labtech International Ltd., မှ Dr. Steven McKee၊ မြန်မာအင်ဂျင်နီယာကောင်စီမှတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊မနီလာမြို့၏ သံရုံးယာယီတာဝန်ခံဦးစန်းယုကျော်သည် မြန်မာနိုင်ငံအတွက် သီးသန့်ဖွင့်လှစ်ပို့ချသည့် “Automotive Technology Using Virtual TVET” အွန်လိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here