သမ္မတဘိုင်ဒင်အိမ်သို့လာသော ဧည့်သည်မှတ်တမ်း ရီပတ်ဘလစ်ကန်တို့တောင်းခံ

0
175

သမ္မတ ဂျိုးဘိုင်ဒင် ဒုသမ္မတဖြစ်ခဲ့စဉ်က ရုံးခန်းနှင့် ကားဂိုဒေါင်တွင် ကန့်သတ်စာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဝီလ်မင်တန်ရှိ ဘိုင်ဒင်၏ အိမ်သို့ ဝင်ထွက်ခဲ့သော ဧည့်သည်မှတ်တမ်းများကို အမေရိကန် အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီ၏ ရီပတ်ဘလစ်ကန်ပါတီဝင် ဥက္ကဌက ယမန်နေ့က တောင်းခံခဲ့သည်။

“သာမန် အမေရိကန်ပြည်သူတွေကတော့ ဒီအလွန်အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ဘယ်သူတွေသာလျှင် ကြည့်ရှုခွင့်ရှိတယ်ဆိုတာ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး” ဟု အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီမှ ကိုယ်စားလှယ် James Comer က တနင်္ဂနွေ နေ့စွဲဖြင့် အိမ်ဖြူတော်ဦးစီးအကြီးအကဲ Ron Klain ထံပေးပို့သော စာ၌ ပြောကြားခဲ့သည်။

ရီပတ်ဘလီကန်ပါတီဝင်များသည် ကန့်သတ်ထားသော စာရွက်စာတမ်းများနှင့်ပတ်သက်၍ ဖက်ဒရယ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရသော သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အမှုနှင့် ဂျိုးဘိုင်ဒင် ဒုသမ္မတဖြစ်စဉ်အချိန်က ကိစ္စဖြစ်သည့် ဘိုင်ဒင်၏ ရုံးခန်းမှ ရှာဖွေတွေ့ရှိသော ကန့်သတ်စာရွက်စာတမ်းများကိစ္စအား နှိုင်းယှဉ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းအဖြစ်အပျက် နှစ်ခုကြားတွင် သိသိသာသာ ကွဲလွဲမှုများ ရှိနေသည်ဟု ဥပဒေကျွမ်းကျင်သူများက ပြောသည်။

သို့ရာတွင် ဒေါ်နယ်ထရမ့်၏ Mar-a-Lago နေအိမ်သို့လာရောက်ကြသည့် ဧည့်သည်မှတ်တမ်းများကိုမူ စစ်ဆေးမည်မဟုတ်ကြောင်း အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီမှ ကိုယ်စားလှယ် James Comerက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here