USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ခုမှ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲအား ပစ်ခတ်တိုက်ခိုက်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချဟု ပူးတွဲသဘောထားထုတ်ပြန်

0
311

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းကကျင်းပစဥ် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ခုမှ ပူးတွဲသဘောထားထုတ်ပြန်ချက်တစ်စောင်အား ဇန်နဝါရီ ၁၆ ရက်ကထုတ်ပြန်ခဲ့သည်။

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းကကျင်းပစဉ် KNPP နှင့် PDF အဖွဲ့ဝင်များက နံနက် ၇ နာရီ ၁၅ မိနစ်တွင် လွိုင်ကော်မြို့ ၏အရှေ့မြောက်ဘက် မီတာ(၄၀၀၀)ခန့်အကွာမှ လက်နက်ကြီးများဖြင့် လူမဆန်စွာပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ရေးသားထားသည်။

ပစ်ခတ်မှုကြောင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့်လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့၍ လုံခြုံရေးအဖွဲ့၀င်အချို့၊ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၆ ဦး၊အရပ်သား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်ဟု ရေးသားထားသည်။

KNPP နှင့် PDF အဖွဲ့များသည် ဒေသခံတိုင်းရင်းသားများ၏ အထိမ်းအမှတ်အခမ်းအနားကို ဖျက်ဆီးခြင်း၊အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေခြင်း၊နယ်မြေတည်ငြိမ်အေးချမ်းမှုကိုနှောင့်ယှက်ဖျက်ဆီးစေခြင်းစသည့် ယုတ်မာရက်စက်သည့်အကြံဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ရေးသားထားသည်။

ထို့ကြောင့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့. မုခ်ဦးဖွင့်ပွဲအခမ်းအနားတွင် KNPP နှင့် PDF အဖွဲ့ ၏ လူမဆန်စွာယုတ်မာရက်စက်သည့်အကြံဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား ကျွန်ုပ်တို့နိုင်ငံရေးပါတီများက လုံး၀(လုံး၀)လက်မခံကြောင်းနှင့်ပြင်းထန်စွာကန့်ကွက်ရှုံ့ချသည်ဟု ထုတ်ပြန်ခဲ့သည်။

USDP ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အ မျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင် ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ပြည်သူ့အင်အားပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ၊ လူထုပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ ဗမာပြည်သူ့ပါတီ၊ မြိုတိုင်းရင်းသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီနှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီတို့မှ ပူးတွဲသဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here