ဆိုင်ကယ်အားတိမ်းရှောင်သည့်အိမ်စီးကား လမ်းလယ်ရှိ ကွန်ကရစ်တုံးအကာများနှင့်ဓာတ်တိုင်ကိုဝင်တိုက်မိခဲ့မှု ပြည်မြို့တွင်ဖြစ်ပွားခဲ့

0
191

ပဲခူးတိုင်း၊ပြည်မြို့၊ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြို့ တော်ခန်းမရှေ့တွင် ဇန်နဝါရီ ၁၇ ရက်(ယနေ့)နံ နက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က ပြည်မြို့၊ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြို့တော်ခန်းမရှေ့တွင် အိမ်စီးကားတစ်စီးသည် ဆိုင်ကယ်အားတိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်တွင်ကာရံထားသည့် ကွန်ကရစ်တုံးများနှင့်ဓာတ်တိုင်အား ဝင်တိုက်မိခဲ့သည်။

“ကားပေါ်မှာက ကားမောင်းလာတဲ့လူတစ်ယောက်ပဲပါတယ် ထိခိုက်ဒဏ်ရာရရှိတာမရှိပါဘူး ယာဥ်ထိန်းတပ်ဖွဲ့က ဆောင်ရွက်စရာရှိတာတွေလုပ်နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ပျက်စီးသွားသည့် အိမ်စီးကားသည်ပြန်လည်မောင်းနှင်၍မရတော့သဖြင့် ကရိန်းကားပေါ်သို့ဆွဲတင်ကာ တင်ဆောင်သွားခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here