၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (၉) လတာ ကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၆၃၉ သန်းကျော် တင်ပို့နိုင်ပြီး ကန်ဒေါ်လာ သန်း ၆၀၀ ရရှိခဲ့

0
280

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (၉) လတာ ကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု တန်ချိန် ၁.၆၃၉ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ရငွေ အနေဖြင့် အမေရိကန်ဒေါ်လာ သန်း (၆၀၀) ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရသည်။

အဆိုပါ ဆန်တင်ပို့မှု စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ ၊ ဖိလပိုင်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ၊ ဆန်ကွဲတင်ပို့မှု အနေဖြင့် တရုတ်၊ ဘယ်ဂျီယံ၊ ယူကေ၊ စပိန်၊ ပိုလန် စသည့် နိုင်ငံအသီးသီးသို့ တင်ပို့ ခဲ့ကြောင်း သိရသည်။

(၉) လတာ ကာလအတွင်း ပြည်ပသို့ ဆန်ကုမ္ပဏီ (၄၂) ခုမှ ပင်လယ်ရေကြောင်းမှတဆင့် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၂၄၆ သန်း တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတဆင့် တင်ပို့မှုမှာ တန်ချိန် ၃၆၉၁၆၂ တန် တင်ပို့ ခဲ့ကြောင်း သိရသည်။

နိုင်ငံအလိုက် ဆန်နှင့် ဆန်ကွဲတင်ပို့မှုတွင် တရုတ်နိုင်ငံမှ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်က တရုတ်နိုင်ငံ၏ နောက်မှလိုက်ကာ မြန်မာ့ဆန်နှင့် ဆန်ကွဲ ဝယ်ယူမှုအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

လအလိုက် ဆန်နှင့် ဆန်ကွဲတင်ပို့မှုအရ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလတွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၅၀၉၄၇ တန်တင်ပို့ခဲ့ပြီး ကုန်သွယ်မှုဝင်ငွေအနေဖြင့် အမေရိကန်ဒေါ် လာ (၈၂) သန်း၊ မေလတွင် တန်ချိန် ၁၅၃၅၀၇ တန် တင်ပို့ခဲ့ပြီး ကုန်သွယ်မှုရငွေမှာ အမေရိကန်ဒေါ်လာ ၅၁ သန်း ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လတွင် တန်ချိန် ၁၄၆၀၉၄ တန်တင်ပို့ပြီး ဝင်ငွေ အနေဖြင့် ကန်ဒေါ်လာ သန်း ၅၀ ၊ ဇူလိုင်လတွင် တန်ချိန် ၁၈၂၅၅၀ နှင့် ဝင်ငွေ ကန်ဒေါ်လာ ၆၆ သန်း၊ ဩဂုတ်လတွင် ၁၅၆၉၉၃ တန်နှင့် ဝင်ငွေ ကန်ဒေါ်လာ ၅၃ သန်း၊ စက်တင်ဘာလတွင် ၉၃၇၉၁.၇ တန် နှင် ရငွေ ကန်ဒေါ်လာ ၃၇ သန်း ရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ တို့တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၆၅၅၆၇၁.၃ တန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၂၃၁ သန်း ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီ (၄၂) ခုမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှု ၂၂၈၄၄၅ တန် ဖြစ်ပြီး ဆန်တန်ချိန်အနေဖြင့် ၁၄၈၁၂၇ တန်နှင့် ဆန်ကွဲတန်ချိန်အနေဖြင့် ၈၀၃၁၈ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ တင်ပို့မှုများတွင် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုအနေဖြင့် ၁၇၄၉၆၀ တန် တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတဆင့် တင်ပို့မှုမှာ ၅၃၄၈၅ တန် နှင့် ကုန်သွယ်မှု ရငွေတန်ဖိုးမှာ အမေရိကန်ဒေါ် လာ သန်း ၉၀ ရရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းဇယားများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here