ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်ကားဖြင့်လိုက်ပါလာသူ ၂ ဦးထံမှ စိတ်ကြွဆေးပြား ၁၀၀၀၀ ကျော် ဖမ်းမိ

0
153

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၆ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သော ပူး ပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူဆယ်မြို့ဘက်မှမန္တလေးမြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားအား စစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင်လိုက်လာသည့် ခရီးသည် စောမင်းဦး(၄၅)နှစ်နှင့်မဌေးဌေး၀င်း(၃၅)နှစ်တို့၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၁၇၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် အုန်းချောနယ်မြေရဲစခန်းက စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here