သံတောင်ကြီးမြို့နယ်ရှိ ယောက်တဝချောင်းကူးတံတားအား မိုင်းခွဲဖျက်ဆီးခံရ

0
202

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင်ကျေးရွာများသို့ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား လက်နက်ကိုင်အဖွဲ့ဝင်များမှ ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က လက်နက် ကိုင်အဖွဲ့ဝင်များသည် သံတောင်ကြီးမြို့နယ်၊သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင်ကျေးရွာများသို့ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

မိုင်းပေါက်ကွဲမှုကြောင့် အရှည် ၂၇၀ ပေ၊အ ကျယ် ၁၂ ပေ၊အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားတစ်စင်းပြိုကျပျက်စီးခဲ့ပြီး လူနှင့်ကားများဖြတ်သန်းသွားလာ၍မရတော့ကြောင်း သိရသည်။

“ဟုတ်တယ် ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ် စုံစမ်းကြည့်တော့ တံတားကိုမိုင်းဖောက်ပြီးဖျက်စီးလိုက်ကြတာတဲ့ စျေးသည်တွေ ကျောင်းသား/ကျောင်းသူတွေ အတွက်အတော် ဒုက္ခရောက်သွားတာပေါ့ လူထိခိုက်တဲ့အသံတော့မကြားရဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပျက်စီးသွားသည့်တံတားအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here