ရန်ကုန် – မန္တလေး အမြန်လမ်းတွင် Alphard ယာဉ်တိမ်းမှောက်ကာ (၁) ဦးသေဆုံး ကလေးငယ်တစ်ဦးအပါအဝင် (၅)ဦးဒဏ်ရာရ

0
182

မန္တလေးတိုင်း၊မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သီးကုန်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် ဇန်နဝါရီ ၁၈ ရက်(ယနေ့) နံနက်ပိုင်းက Alpha rd ကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း ပြည်သာယာလူင ယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် (၁၁) နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မကြီး၏ သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၂၉၈/၄ တွင် မန္တလေးဘက်မှရန်ကုန်ဘ က်သို့ မောင်းနှင်လာသည့် Alphard ကားသည် အခင်းဖြ စ်နေရာအရောက် ဆိုင်ကယ်အား‌ရှောင်တိမ်းစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသည့် တန်းများအားတိုက်မိ၍ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“တိမ်းမှောက်တဲ့ အရှိန်ကများတယ်။ ကားတစ်စီးလုံးလိမ့်သွားပြီး လမ်းမကြီးဘေး မြေသားလမ်း အစပ်ကချုံတွေနားအထိရောက်သွားတယ်။ ကားကတော့ လုံးဝပျက်စီးသွားတယ်”ဟု ပြည်သာယာ လူငယ်လူမှုကူညီရေးအသ င်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်အား သီးကုန်းအမြန်လမ်းရဲစခန်း၊ သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူ များအား မြေပြင်ပြုစုကုသမှုများပြုလုပ်ပေးစဥ် အမျိုးသမီး (၁)ဦးမှာ ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကလေးငယ် (၁) ယောက်ရယ်၊ အမျိုးသား (၂)ယောက်ရယ် ၊အမျိုးသမီး (၂) ယောက် ပေါင်း (၅)ယောက်က တော့ ဒဏ်ရာတွေရသွားတယ်”ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးနှင့်သေဆုံးသူ၏ ရုပ်အလောင်းတို့အား မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းနှင့်သက် ဆိုင် ရာအဖွဲ့အစည်းများက ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here