သတင်းမှားလွှင့်ခဲ့ပြီးနောက် ယူကရိန်းသမ္မတ အကြံပေး နှုတ်ထွက်

0
203

ယူကရိန်းသမ္မတ ဇလန်းစကီး၏ အကြံပေးပုဂ္ဂိုလ် အိုလက်စီ အာရက်စတိုဗစ်ချ်သည် ဒါဇင်နှင့်ချီသော ယူကရိန်းပြည်သူများအား သေဆုံးစေခဲ့သည့် ဒုံးကျည်မှာ ရုရှားမှမဟုတ်ဘဲ ယူကရိန်းမှ ဒုံးကျည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာ လူအများ၏ ဒေါသတကြီး တုံ့ပြန်ခြင်းကို ခံခဲ့ရပြီးနောက် ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ် စနေနေ့တွင် ရုရှားက ပစ်လွှတ်လိုက်သော အိတ်စ်-၂၂ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်စင်းသည် ယူကရိန်းနိုင်ငံ နီပရိုမြို့ရှိ အဆောက်အအုံတစ်ခု အား ထိမှန်ခဲ့ရာ လူ ၄၅ ဦးအား သေဆုံးခဲ့သည်။

ထိုသို့ ထိမှန်ပြီးနောက် နာရီအပိုင်းအကြာတွင် အာရက်စတိုဗစ်ချ်က အဆိုပါ ဒုံးကျည်မှာ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးတပ်က ပစ်လွှတ်ပြီးနောက် ပေါက်ကွဲသွားသော ဒုံးကျည်ဖြစ်ကြောင်း ယူကျူ့ ချန်နယ်တစ်ခုတွင် မှတ်ချက်ပေးရေးသားခဲ့သည်။

နောက်ပိုင်းရက်များတွင် ရာနှင့်ချီသော ယူကရိန်း အရပ်ဘက်အဖွဲ့အစည်းဝင်များနှင့် နာမည်ကျော် ပုဂ္ဂိုလ်အများအပြားသည် အတည်မပြုနိုင်သော ထုတ်ပြန်ချက်များအတွက် အာရက်စတိုဗစ်ချ်အား ရာထူးမှ ထုတ်ပယ်ရန် ဆိုရှယ်မီဒီယာပေါ်၌ တောင်းဆိုခဲ့ကြသည်။

အာရက်စတိုဗစ်ချ်သည် နှစ်ရက်ကျော်ကြာ တောင်းပန်ရန် ငြင်းဆိုခဲ့သော်လည်း အင်္ဂါနေ့တွင် သူ၏ နုတ်ထွက်စာအား ဖေ့ဘွတ်ခ်ပေါ်တွင် တင်ခဲ့ခြင်းဖြင့် တောင်းပန်ခဲ့သည်။ ဇလန်းစကီး၏ ပြောရေးဆိုခွင့်ရှိသူကလည်း နုတ်ထွက်စာကို လက်ခံရရှိကြောင်း အတည်ပြုခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here