လက်နက်ကိုင်တပ်ဖွဲ့များ၏စွမ်းရည်မြှင့်တင်ရေးအတွက် ကြီးမားသောပြောင်းလဲမှုပြုလုပ်ရန်ရုရှားကာကွယ်ရေးက အဆိုပြု

0
267

မော်စကို၊ဇန်နဝါရီ ၁၇

ယူကရိန်းနှင့်စစ်ပွဲတွင်ကြုံတွေ့နေရသော ဆုတ်ယုတ်မှုများကြောင့် ရုရှားအနေဖြင့် ၎င်း၏စစ်တပ် ဖွဲ့စည်းပုံအား ကြီးမားသောအပြောင်းအလဲများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၂၃ မှ ၂၀၂၆ အတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုထားသော ပြုပြင်ပြောင်းလဲမှုများတွင် ၎င်း၏ရေတပ်၊အာကာသနှင့်ဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ပေးခြင်းများပါဝင်ကြောင်းသိရှိရသည်။

ယူကရိန်းနယ်မြေများကိုထိရောက်စွာထိန်းချုပ်နိုင်စွမ်းမရှိသည့်အတွက် ပြည်တွင်း ၌ ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏စစ်တပ်အား အင်အား ၁ ဒသမ ၅ သန်းအထိတိုးမြှင့်သွားမည်ဟု ဒီဇင်ဘာလက ကတိပြုခဲ့သည်။

ယင်းနောက် အာဖဂန်အထူးတပ်ဖွဲ့ဝင်များ၊စစ်သားများကိုငှားရမ်းခြင်းအပြင် ရုရှားနိုင်ငံသားအမြန်ခံယူလိုပါက ရုရှားစစ်တပ်၌ တာဝန်ထမ်းဆောင်စေခြင်းကဲ့သို့သောအရာများအားပြုလုပ်ခဲ့သည်။

ထို့ပြင်ရုရှားဥပဒေနှင့်မလွတ်ကင်းသည့် လူသတ်မှု၊ဓားပြမှု၊ခိုးမှု၊မူးယစ်ဆေးဝါးနှင့် မူးယစ်ရောင်းဝယ်ဖောက်ကားမှုကဲ့သို့သော ပြစ်မှုများကျူးလွန်ခဲ့သည့် ရာဇဝတ်သားများအားစစ်မှုထမ်းရန်ဥပဒေကိုလည်း စက်တင်ဘာလက သမ္မတပူတင်ကလက်မှတ်ရေးထိုးခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here