ယူကရိန်းတွင် ရဟတ်ယာဉ်ပျက်ကျရာ ပြည်ထဲရေးဝန်ကြီး အပါအဝင် ၁၈ ဦးသေဆုံး

0
145

<<<< Breaking News >>>>

ယူကရိန်းနိုင်ငံ ကိယဗ်နယ်မြေရှိ မူကြိုကျောင်းတစ်ခုအနီးတွင် Eurocopter EC225 “Super Puma” အမျိုးအစား ရဟတ်ယာဉ်တစ်စင်း ယနေ့ ပျက်ကျခဲ့ရာ ယူကရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးနှင့် ဦးဆောင်အဖွဲ့တစ်ဖွဲ့လုံး အပါအဝင် လူ ၁၈ ဦးထက်မနည်းသေဆုံးကြောင်းသိရသည်။

ယူကရိန်းနိုင်ငံ ကိယဗ်မြို့၏ ဆင်ခြေဖုံးဖြစ်သည့် ဘရိုဗာရီမြို့တွင် ယနေ့ပျက်ကျခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လူ ၂၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင့် ကိယဗ်ဒေသ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲ Oleksiy Kuleba ကပြောကြားသည်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး Denis Monastyrsky၊ ပထမလက်ထောက်ဝန်ကြီး Yevheniy Yenin နှင့် Secretary of State ဖြစ်သူ Yuriy Lubkovychis တို့သည် ရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့ကြောင်း ဝန်ကြီးဌာနအကြံပေး Anton Geraschenko က လူမှုကွန်ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

လက်ရှိသိရသမျှ သေဆုံးသူ ၁၈ ဦးအနက် ၉ ဦးမှာ ရဟတ်ယာဉ်ပေါ်မှဖြစ်ပြီး ကျန်သူများမှာမူ မြေပြင်မှ ဒေသခံများဖြစ်ကြသည်။

အခြားအချက်အလက် အသေးစိပ်ကိုမူ မသိရသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here