မြန်မာမှအာဆီယံ-ဗီယင်နာကော်မတီအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ် ဩစတြီးယားနိုင်ငံ၊ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကြားတွင် အာဆီယံ၏ပုံရိပ်ကိုမြှင့်တင်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့

0
330

ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အာဆီယံ-ဗီယင်နာကော်မတီအလှည့်ကျဥက္ကဋ္ဌတာဝန်(၆)လတာထမ်းဆောင်ချိန် အောင်မြင်စွာဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မြန်မာသံအမတ်ကြီး/အမြဲတမ်းကိုယ်စားလှယ်ဦးမင်းသိမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

(၅၈)ကြိမ်မြောက် အာဆီယံ-ဗီယင်နာကော်မတီအစည်းအဝေးအား ဇန်နဝါရီ ၁၈ ရက်က မြန်မာသံအမတ်ကြီးနေအိမ်၌ကျင်းပ၍ အာဆီယံ-ဗီယင်နာကော်မတီအလှည့်ကျဥက္ကဋ္ဌတာဝန်(၂၀၂၃ ခုနှစ်၊ဇန်နဝါရီလမှဇွန်လအထိ)ကို ထိုင်းနိုင်ငံသံအမတ်ကြီး/အမြဲတမ်းကိုယ်စားလှယ် H.E. Ms. Vilawan Mangklatanakul ထံသို့ လွှဲပြောင်းပေးအပ်စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံ-ဗီယင်နာကော်မတီအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ် AVC အနေဖြင့် ဩစတြီးယားနိုင်ငံ၊ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကြား အာဆီယံ၏ပုံရိပ်ကို မြှင့်တင်နိုင်ရန်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် (၅၅)နှစ်မြောက်အာဆီယံထူထောင်ခြင်းအထိမ်းအမှတ်အဖြစ် အာဆီယံနေ့(ASEAN Day) အခမ်းအနားကို ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများရုံးစိုက်ရာ Vienna International Centre တွင်ပြုလုပ်ခဲ့သည်ဟု ပြောသည်။

ထို့ပြင် ASEAN Family Day အား ဒိုနောင်းပန်းခြံ၊အာဆီယံ-ဗီယင်နာ ကော်မတီလှုပ်ရှားမှုအဖြစ် Linz မြို့ရှိ Johannes Kepler University တွင် ကျင်းပသည့် ASEA-UNINET Panel Discussion တွင်လည်း ၀င်ရောက်ဆွေးနွေးခဲ့သည်ဟု မြန်မာသံအမတ်ကြီးကပြောကြားခဲ့သည်။

ဩစတြီးယားနိုင်ငံ၊ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးသည် အာဆီယံ-ဗီယင်နာကော်မတီ(ASEAN Vienna Committee-AVC)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ၂၀၂၂ ခုနှစ်၊ဇူလိုင်လမှဒီဇင်ဘာလအထိ အောင်မြင်စွာထမ်းဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here