ဆော်ဒီမြေမှာ ယနေ့ည ထိပ်တိုက်ရင်ဆိုင်ကစားမယ့် မက်ဆီ နဲ့ ရော်နယ်လ်ဒို

0
161

လက်ရှိဘောလုံးလောကရဲ့ GOAT (Greatest Of All Time) ကြီး ၂ ပါးလို့ သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ ယ‌နေ့ည (ဇန်နဝါရီ ၁၉ ရက်) ဆော်ဒီမြေမှာ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို အသင်းခေါင်းဆောင်အဖြစ် ဦး‌ဆောင်လာမယ့် အယ်လ်နာဆာနဲ့ အယ်လ်ဟီလာ အသင်းတို့ပေါင်းစပ်ထားတဲ့ ဆော်ဒီကြယ်စင်စုအသင်းနဲ့ မက်ဆီပါ၀င်လာမယ့် PSG အသင်းတို့ဟာ ယနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ King Fahd ကွင်းမှာပဲ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ကစားသွားမှာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုဟာ ဆယ်စုနှစ်နီးပါးပြိုင်ဆိုင်လာတဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ယောက်အတွက် နောက်ဆုံးရင်ဆိုင်တွေ့ဆုံမှုလည်း ဖြစ်နိုင်တာကြောင့် ဘောလုံးပရိတ်သတ်တွေကြားမှာ စိတ်၀င်စားမှု မြင့်တက်နေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here