ယူကရိန်းနျူဓာတ်ပေါင်းဖိုများဘေးကင်းရန်အတွက် IAEA ဝန်ထမ်းများစေလွှတ်

0
146

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)က ရုရှား – ယူကရိန်းပဋိပက္ခအတွင်း မတော်တဆမှုဖြစ်နိုင်ချေများကို လျှော့ချနိုင်ရန်အတွက် ယူကရိန်း၏နျူဓာတ်အားပေးစက်ရုံလေးရုံသို့ ကျွမ်းကျင်သူဝန်ထမ်းအဖွဲ့များစေလွှတ်ခဲ့ကြောင်းသိရသည်။

IAEA သည် ယူကရိန်း၏နျူစက်ရုံများအားလုံး၌ စုစုပေါင်းဝန်ထမ်းအင်အား ၁၁ ဦးဖြင့်ရှိနေမည်ဖြစ်ကြောင်းသိရှိရပြီး ယခုကဲ့သို့စေလွှတ်ခြင်းသည် မကြုံစဖူးသောအခြေအနေမျိုးဖြစ်ကြောင်းလည်းဖော်ပြထားသည်။

IAEA ၏ဆောင်ရွက်မှုသည် ပြီးခဲ့သည့်အပတ်ကရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၅ ဦးသေဆုံးမှုနှင့် နေ့ကလေးထိန်းကျောင်းအနီး လေယာဉ်ပျက်ကျမှုများဖြစ်ပေါ်ပြီးနောက် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

“မနက်ဖြန်ကစလို့ ယူကရိန်းရဲ့နျူဓာတ်ပေါင်းဖိုတိုင်းမှာ ယူကရိန်းနဲ့ IAEA အလံတွေကိုစတင်ချိတ်ဆွဲသွားတော့မှာဖြစ်ပါတယ်” လည်းကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

IAEA မှကျွမ်းကျင်ပညာရှင်များသည် ပဋိပက္ခကာလအတွင်း နျူမတော်တဆမှုကင်းရှင်းရေးအတွက် နည်းပညာပိုင်းဆိုင်ရာများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရှိရပြီး ယူကရိန်းအစိုးရ၏တောင်းဆိုမှုကြောင့် ယခုလိုပြုလုပ်ရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here