ကုမ္ပဏီများ၌ အမည်ခံဒါရိုက်တာခန့်အပ်ခြင်းနှင့် အမည်ခံ ရှယ်ယာရှင်ထားရှိခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက အမိန့်ထုတ်

0
452

ကုမ္ပဏီများ အမည်ခံ ဒါရိုက်တာထားရှိခြင်းနှင့် အမည်ခံ ရှယ်ယာရှင် ထားရှိခြင်း လက်မခံတော့ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အမိန့်ထုတ်ပြန် ကြေညာထား‌ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီလ (၁၇)ရက် ရက်စွဲဖြင့် ကြေ ညာထားခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ဒါရိုက်တာများ၏ ရရန်ပိုင်ခွင့်နှင့် တာဝန်ရှိမှုများနှင့်စပ်လျဉ်း၍ ဒါရိုက်တာရာထူး ခန့်အပ်ထားခြင်း မရှိစေကာမူ ကုမ္ပဏီ ကိစ္စများကို ညွှန်ကြားသူ၊ ထိန်းချုပ်သူများကို ဒါရိုက်တာအဖြစ် သတ် မှတ်ကြောင်း ပြဌာန်းထားပြီးဖြစ်သည့်အတွက် ဥပဒေနှင့် မညီညွတ်သော အမည်ခံ ဒါရိုက်တာများ ခန့်အပ်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ထို့အပြင် ကုမ္ပဏီများအနေဖြင့် မိမိတို့၏ ကုမ္ပဏီတွင် ပါ ဝင်သူများအား အမည်ခံ ရှယ်ယာရှင်အနေဖြင့်ထားရှိခြင်းကိုလည်း လုံးဝခွင့်ပြုတော့မည် မဟုတ်ကြောင်းရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်အရာရှိထံ တင်ပြထားသည့် ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ပါဝင်သူများကိုသာ အမှန်တကယ်အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းလည်း ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

အချို့နိုင်ငံများတွင် အမည်ခံရှယ်ယာရှင်များဖြင့် မှတ်ပုံခွင့်ပြုထားပြီး အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ကို သီးခြားဖော်ပြသည့် စနစ်မျိုး ကျင့်သုံးလျက်ရှိသော်လည်း မြန် မာနိုင်ငံအနေဖြင့် ထိုသို့သော စနစ်မျိုးကို ခွင့်ပြုမည် မဟုတ်ကြောင်းလည်း သိရသည်။

အဆိုပါ အမိန့်ညွှန်ကြားချက်များသည် စတင်ကြေညာသ ည့် ဇန်နဝါရီလ (၁၇) ရက်မှ စတင်ကာ အသက်ဝင်မည် ဖြစ်ကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆ က်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here