လွိုင်မွေဒေသ၏ ဒုတိယအကြိမ်မြောက် ချယ်ရီပန်းပွဲတော် (၂၀၂၃) စတင်ဖွင့်လှစ်

0
329

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ၏ ဒုတိယအကြိမ်မြောက် ချယ်ရီပန်းပွဲတော်(၂၀၂၃)အား လွိုင်မော်တောင်စခန်းမြို့၊ စတုရဋ္ဌသုမင်္ဂလစေတီအနီးရှိ ချယ်ရီပင်တန်းတွင် ဇန်နဝါရီ ၁၉ ရက်နံနက် ၁၀ နာရီကစတင်ဖွင့်လှစ်ခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် တာဝန်ရှိသူများက ချယ်ရီပန်းပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ချယ်ရီပန်းပွဲတော်အား လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ချယ်ရီပင်များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် ရည်ရွယ်၍ နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချယ်ရီပန်းပွဲတော် လာရောက်လည်ပတ်သူများအား ချယ်ရီပန်းပွဲတော်အမှတ်တရတံဆိပ်ရိုက်နှိပ်ထားသည့် T-Shirt အင်္ကျီများဝေငှပေးခြင်း၊ ဒေသထွက်အစားအစာများ၊ ဒေသထွက်ဝိုင်များ၊ ရိုးရာအဝတ်အထည်များ၊ ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်များဖွင့်လှစ်ရောင်းချပေးခြင်းများဖြင့် ကျင်းပလျက်ရှိသည်။

ချယ်ရီပန်းပွဲတော်(၂၀၂၃)အား ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ပွဲတော်ကာလအတွင်း နံနက် ၉ နာရီမှနံနက် ၁၁ နာရီအထိ တိုင်းရင်းသားရိုးရာအကများ၊တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo-Zaw Naing


LEAVE A REPLY

Please enter your comment!
Please enter your name here