ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် ဦးစားပေးလုပ်ငန်းအလိုက် အလေးထားဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးပြော

0
158

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဇန်နဝါရီ ၂၀ ရက်မွန်းလွဲပိုင်းက ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအဆင့်(၁)လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးမှ စီမံကိန်းအဆင့်(၁)ဆောင်ရွက်နေသည့် ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ပြွန်တန်ဆာဘူတာမှပဲခူးမြို့နယ်၊ဘုရားကြီးဘူတာအထိ စီမံကိန်းလုပ်ငန်းခွင်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးအား မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(အင်ဂျင်နီယာ-စီမံ)နှင့်စီမံကိန်းတာဝန်ရှိသူများက ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအပိုင်း(၁) ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏တိုးတက်မှုကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အပိုင်းလိုက်စီမံကိန်းလုပ်ကွက်များ လျာထားသည့်သတ်မှတ်ကာလအလိုက် အချိန်မီပြီးစီးရန်၊ပွင့်လင်းရာသီတွင် ပြီးစီးမှုရာခိုင်နှုန်းသိသာစွာတိုးတက်ရန်၊စီမံကိန်း၏ အရည်အသွေးပြည့်မီစေရန် သတ်မှတ်ထားသည့် ဒီဇိုင်းမှန်ကန်မှု၊စီမံကိန်းတွင်တည်ဆောက်ရေးပစ္စည်းများ မှန်ကန်စွာအသုံးပြုမှု၊လုပ်ငန်းခွင်၌ လုပ်သားများ၏ ကျွမ်းကျင်မှုတို့သည် အဓိကလိုအပ်ချက်ဖြစ်၍ ဌာနမှတာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာ အကြံပေးအဖွဲ့နှင့်စီမံကိန်းကန်ထရိုက်တာအဖွဲ့များညှိနှိုင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

“ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ဦးစားပေးလုပ်ငန်းအလိုက် အလေးထားဆောင်ရွက်ဖို့လိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးမှ ပြွန်တန်ဆာဘူတာ၌ ပလက်ဖောင်းအသစ်တည်ဆောက်နေမှု၊စီမံကိန်း၏ ပဲခူး-ညောင်လေးပင်အပိုင်း ပြွန်တန်ဆာဘူတာမှဘုရားကြီးဘူတာအထိ မိုင် ၃၀ အတွင်း ရထားလမ်းတစ်လျှောက်တည်ဆောက်ပြီးစီးမှုနှင့်တံတားအမှတ်(116-B) ဆောက်လုပ်မှုလုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here