ယူကရိန်းစစ်ရှုံးလျှင်ပင် ရုရှားသည်နေတိုးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေဦးမည်ဟုနေတိုးအကြီးအကဲပြော

0
227

ဘရပ်ဆဲလ်၊ဇန်နဝါရီ ၂၀

ယူကရိန်းစစ်ပွဲ၌ရုရှားရှုံးနိမ့်သွားလျှင်ပင် ၎င်းသည်နေတိုးကို ဆက်လက်ခြိမ်းခြောက်နေဦးမည်ဖြစ်ကြောင်း အနောက်မဟာမိတ်အဖွဲ့မှ ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦးကပြောကြားခဲ့သည်။

စစ်ပွဲကြောင့်ရုရှား၏ တပ်ဖွဲ့များ၊ကိရိယာများနှင့်ခဲယမ်းမီးကျောက်များအားလုံး ကုန်ခမ်းသွားသည့်တိုင်အောင် လက်နက်အင်အားအားကောင်းလာစေရန် ကြိုးပမ်းလိမ့်မည်ဟု နေတိုးနိုင်ငံများကသုံးသပ်ထားသည်။

“ရုရှားအနေနဲ့ပြန်အားကောင်းလာအောင် ပြင်ဆင်အားဖြည့်ပြီး လာနိုင်သကဲ့သို့ အမှားများကိုသင်ခန်းစာယူကာ စစ်ရေးစွမ်းအင်အား ပြန်လည်အားဖြည့်နိုင်ကြောင်းလည်း” ၎င်းကပြောကြားခဲ့သည်။

သို့သော် နေတိုးအနေဖြင့်မူ ရုရှား၏ပြန်လည်ဖွဲ့စည်းနိုင်မှုကို မည်သည့်အချိန်တွင် ပြုလုပ်မည်ဟူသည့်အချက်နှင့်ပတ်သက်၍ မသိရှိရသေးကြောင်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here