မြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော် အစည်း​ဝေးမစခင် ကာကွယ်​ရေး ဦးစီးချုပ်များသီးသန့်တွေ့ဆုံ

0
119

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting အား ဇန်န ဝါရီ ၂၀ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ်၊သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပခဲ့သည်။

(၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် ကြားအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးမှတဆင့် တပ်မတော်နှစ်ရပ်ကြား ယုံကြည်မှု၊အ ပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတိုးတက်အားကောင်း လာစေရန်တည်ဆောက်နိုင်မည်ကိုယုံကြည်သည်ဟု အစည်းအ ဝေး၏ မြန်မာဖက်ပူးတွဲဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

“မိမိတို့အနေဖြင့် နှစ်နိုင်ငံနဲ့တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးတွေကို အရှိန်အဟုန်မပျက်စေဘဲ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာကို အခိုင်အမာပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ ခိုင်မာပြီးချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးကို ရှေးယခင်ကပင် တည်ဆောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုများနှင့်ဆက်ဆံရေးပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ် ၍ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများအား ၂၀၁၃ ခုနှစ်မှစ၍ ကျင်းပပြုခဲ့သည်ဟု သိရသည်။

နှစ်စဉ်ကျင်းပလျက်ရှိသည့်တပ်မတော် နှစ်ရပ်မှအရာရှိကြီးများ ၏ အပြန်အလှန် ခရီးစဉ်များ၊(ကြည်း၊ ရေ၊ လေ) ကဏ္ဍအလိုက် အစည်းအဝေးများ၊နယ်ခြားကော် မတီအစည်းအဝေးများနှင့်အားကစားပြိုင်ပွဲများအား ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ အချို့အစည်းအဝေးများကို Video Conferencing ဖြင့်သာကျင်းပနိုင်ခဲ့သည်ဟု ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က​ပြောကြားခဲ့သည်။

အစည်းအဝေးသို့ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi တို့နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၊ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ထိုင်းဘုရင့်တပ်မတော်မှအရာရှိကြီးများ၊နှစ်နိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon srisawasdi တို့သည် အစည်းအ ဝေးမစတင်မီ သီးခြားတွေ့ဆုံ၍ တပ်မတော်နှစ်ရပ်ကြား ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here