မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အစည်းအ​ဝေး ​အောင်မြင်မူအတွက်ဂုဏ်ပြုညစာစားပွဲကျင်းပ

0
145

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးက ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် General Chalermphon Srisawasdi နှင့်ဇနီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီ ၂၀ ရက်ညပိုင်းက ရခိုင်ပြည်နယ်၊သံတွဲမြို့၊ငပ လီကမ်းခြေရှိ Jasmine Ngapali Resort ၌ ဂုဏ်ပြုညစာဖြင့်ဧည့်ခံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တို့သည် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မ တော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးပုံးပျံများကိုနှစ်ဘက်တပ်မတော်အရာရှိကြီးများနှင့်အတူ လွှတ်တင်ခဲ့ကြသည်။

ထို့ပြင် ညစာသုံးဆောင်ချိန် ဖျော်ဖြေမှုများပြု လုပ်ခဲ့ပြီးချိန်၌ အစည်းအဝေးအောင်မြင်ခြင်းအထိမ်းအမှတ် မီးရှူးမီးပန်းများကိုဂုဏ်ပြုပစ်ဖောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here